Unicode
ရိပေါ်အိပ်ယာကနိုးတော့ ရှောင်းကျန့်က အိပ်ပျော်နေတုန်းပဲ။ရှောင်းရဲ့နှဖူးလေးကိုခပ်ဖွဖွအနမ်းလေးပေးရင်း...အိပ်ပုပ်နေတဲ့ရှောင်းကိုနှိုးလိုက်တယ်။
"ရှောင်း""ရှောင်း , ထတော့"
"အာ....အစောကြီးရှိသေးတယ်လေ" ရှောင်းက စောင်ကို ခေါင်းထိဆွဲခြုံကာ တဖက်သို့လှည့်ကာပြန်အိပ်ဖို့ပြင်တယ်။
"ထတော့..ကိုယ်ခေါ်သွားစရာနေရာရှိတယ်" ရှောင်းရဲ့စောင်ကိုဆွဲဖယ်ပြီး လူကိုပါဆွဲမလိုက်တယ်။
"ဘယ်လဲ..ဟိုတခါလိုပန်းခင်းလား?"
"မပြောပြဘူး...သိချင်ရင်ထတော့...လိုက်ပြမယ်"
"အွန်းအွန်း.." မျက်လုံးနှစ်လုံးမဖွင့်ပဲ ခေါင်းကိုငြိမ့်ပြလာတယ်။
ရိပေါ်မောင်းလာတဲ့ကားလေးဟာ ရှန်ဟိုင်းမြို့ရဲ့ လူခြေအနည်းငယ်တိတ်ဆိတ်သော ရပ်ကွက်တခုအတွင်းသို့မောင်းဝင်လာခဲ့သည်။ ခြံစည်းရိုးကို အဖြူရောင်သင်္ဘောဆေးသုတ်ထားသောသစ်သားဖြင့်ကာရံထားသည့် ခြံဝန်းတစ်ခုရှေ့ရောက်တော့ ကားကိုရပ်လိုက်ပြီး..ခြံတံခါးဆင်းဖွင့်လိုက်တယ်..ပြီးနောက် ကားပေါ်သို့တဖန်ပြန်တတ်ကာ ခြံထဲမောင်းဝင်လာခဲ့သည်။ ခြံထဲမှာတော့ အစိမ်းရောင်သုတ်ထားသော အိမ်လေးတလုံးရှိပြီး အိမ်ရှေ့လေးမှာတော့ အဖြူရောင် ဒန်းလေးတခု။
ရှောင်းကစကားသံပင်ထွက်မလာနိုင်တော့ပဲ တအံ့တသြဖြစ်ကာသွားသည်။"ရှောင်း...ကားပေါ်ကဆင်းဦးလေ"
"အင်း.."ရှောင်ကျန့်လည်း အိမ်မက်ယောင်နေသူတယောင်လိုဂယောင်ဂတန်းနဲ့ ဆင်းသွားကာ အစိမ်းရောင်အိမ်လေးကို တမေ့တမောကြည့်နေတော့တယ်။
"သဘောကျလား?" သူစကားစလိုက်တော့ ရှောင်းက သူ့ဘက်သို့လှည့်ကာ မျက်ရည်တွေပြည့်အိုင်နေတဲ့မျက်လုံးနဲ့ကြည့်လာတယ်။ထိုနောက် သူ့လည်ပင်းကိုလက်နှစ်ဖက်ဖြင့် သိုင်းကာဖက်ရင်း အနည်းငယ်ငိုသံစွပ်နေတဲ့အသံဖြင့်မေးလာတယ်။
ESTÁS LEYENDO
Hope (Complete)
Ficción Generalအခုမှ စာစရေးတာမို့ အရေးအသားလိုအပ်ချက်တွေရှိနိုင်ပါတယ်။