Unicode
အဘိုးဖြစ်သူက မြို့မျက်နှာဖုံးလည်းဖြစ်၊ ဆေးရုံးအုပ်လည်းဖြစ်တာကြောင့် အမ်မီ့မွေးနေ့ပွဲက အတော်လေးစည်ကားတယ်။ ရှောင်းကျန့်က လက်ထဲကဝိုင်ခွက်ကို အနည်းငယ်လှုပ်ရမ်းကာ ပွဲလာပရိတ်သတ်တွေကို အကဲခတ်နေတယ်။ ဝမ်ချောင်ကောက ဒီနေ့အရေးကြီးလူနာရှိတာမို့မလာနိုင်ဘူး။ တစိမ်းသက်သက်လူတွေကြားမှာ သူကယောင်ချာချာမို့ ချောင်မှာရပ်ရင်းသာ အခြေနေကိုအကဲခပ်နေတယ်။ ဘယ်သူ့ဆီကမှattentionမလိုချင်တာကြောင့် အဝတ်စားကိုတောင် အဖြူရောင်သက်သက်သာဝတ်လာပေမယ့် ... ဘုရားပေးတဲ့ဒီမျက်နှာချောချောကြောင့်...ပျိုမဒီတွေက သူ့ကို ကွက်ကြည့် ကွက်ကြည့်နဲ့ ငေးကြပြန်ရော။ Dr.Alex ထိုင်နေတဲ့ဝိုင်းဆီအကြည့်ပို့မိတော့ ဂေဟာမှူးDavidကို တွေ့ရတော့.. ဝိုင်ခွက်ကိုင်ထားတဲ့လက်က တင်းကနဲဖြစ်သွားတယ်။ ထွက်လာတဲ့ဒေါသကို ခဏမျိုသိပ်ကာ အချ်ိန်ကောင်းကိုစောင့်နေလိုက်တယ်။
ဂါဝန်နီရဲရဲကို ဝတ်ဆင်ထားတဲ့ မွေးနေ့ရှင်လေးက ပြုံးပြုံးရွှင်ရွှင့်ဖြင့် သူအနားရောက်လာတယ်..
"ဆရာ..ပျင်းနေပြီလား ခဏနေ မွေးနေ့ကိတ်ခွဲတော့မှာ..."
"မပျင်းပါဘူး.... အမ်မီ....သူငယ်ချင်းတွေကိုပဲ ဧည့်ခံပါ ဆရာအဆင်ပြေပါတယ်"
"ဟုတ်ကဲ့ဆရာ...ဒါဆို အမ်မီသူငယ်ချင်းတွေဆီသွားဦးမယ်နော်.." သူ အသာအယာပဲခေါင်းငြိမ့်ပြလိုက်တယ်...
အမ်မီထွက်သွားပြီး ခဏအကြာမှာပဲ Dr.Alexက ဝိုင်ခွက်ကိုင်ရင်းသူ့အနားလျှောက်လာတယ်..
"ဆရာ့ကို ဧည့်ဝတ်မကျေသလိုဖြစ်နေပြီ"
"မဖြစ်ပါဘူး ဒေါက်တာ, ကျွန်တော်အဆင်ပြေပါတယ်"
" ဒီဘက်ကို ခဏလိုက်ခဲ့လို့ရမလား ဆရာ
ကျွန်တော့မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးချင်လို့ပါ.."
"ရပါတယ်, ကျွန်တော်လိုက်ခဲ့ပါ့မယ်.."ဒေါက်တာနဲ့သူက ဂေဟာမှူးတို့ထိုင်နေတဲ့ဝိုင်းဆီကို လျှောက်လာခဲ့ကြတယ်။ ထိုဝိုင်းမှာဝင်ထိုင်လိုက်တော့ ဒေါက်တာက သူ့ကို မိတ်ဆက်ပေးလာတယ်။
ESTÁS LEYENDO
Hope (Complete)
Ficción Generalအခုမှ စာစရေးတာမို့ အရေးအသားလိုအပ်ချက်တွေရှိနိုင်ပါတယ်။