အပိုင်း ၁၈

1.8K 185 0
                                    

Unicode

အမဲ​ရောင်ကား၅စီးဟာ ကျိုးရမ်မြို့ကလမ်းမထက်မှာ ခပ်မှန်မှန်အရှိန်​လေးနဲ့ ​ပြေးလွှား​နေတယ်။ တတိယ​မြောက် ကား​ပေါ်မှာ​တော့ရိ​ပေါ်နဲ့ဝမ်ချင် လိုက်ပါလာတယ်။​ရှေ့၂စီးနဲ့​နောက်၂စီးမှာ​တော့အမဲ​ရောင်ဝတ်စုံကိုယ်စီနဲ့ သတ်​တော်​​စောင့်​တွေ။ ရိ​ပေါ်ကဆံပင်​တွေကို​နောက်လှန်ဖြီးကာ ​ရွှေအို​ရောင်မျက်မှန်ကိုတပ်ဆင်ထားတာ​ကြောင့်, ခန့်ညားထည်ဝါမှုက အထင်းသား သူ့နံ​ဘေးက ဝမ်ချင်ကလည်း နီရဲရဲကိုယ်ကျပ်ဝတ်စုံကိုဝတ်ဆင်ကာ ​စကပ်ကို​​​ပေါင်လယ်​လောက်ထိခွဲထားတယ်, ​ရွှေအိုရောင်ဆံပင်​ကောက်​ကောက်​တွေကို ​ကျော​ပေါ်ဖြန့်ချထားတယ် , ​ဆေးဆိုးထားတာ​ကြောင့် ရဲဆို​နေတဲ့နှုတ်ခမ်းပါး​လေး​တွေက ပုရိသ​တွေပစ်​ကြွေချင်စရာ။

ဂေဟာ​ရှေ့​ရောက်လို့ကားရပ်သွား​တဲ့အခါကား​ပေါ်က​​နေ​ဂေဟာကိုလှမ်းကြည့်လိုက်တယ်။ ခြံတံခါးကို ​ဆေးပြန်သုတ်ထားတာကလွဲရင် ဘာမှ​တော့မ​ပြောင်းလဲပါဘူး။ ​ဂေဟာအ​စောင့်ကတံခါးကိုလာဖွင့်​ပေး​တော့မှ သူတို့စီးလာတဲ့ကား​လေးက​ဂေဟာအတွင်းပိုင်းထိဆက်​မောင်းလာခဲ့တယ်။ တံခါး​စောင့်ကြီး အရင်ကထက်ပိုပြီးအိုစာ သွားတယ် ဆံပင်​တွေတ​ခေါင်းလုံးဖြူလို့။ ​ဂေဟာကို​ရောက်​တော့ သူ​ဝေ့ဝဲကြည့်လိုက်တယ်, နေရာအနှံ့မှာ ​နှုတ်ခမ်း​အောက်မှာမှဲ့​လေးပါတဲ့ ရှောင်းအ​သေး​လေးကိုပဲ မြင်​​ယောင်​နေတယ်။ အင်း...သူ့ရောဂါ​တော်​တော်ဆိုး​နေပြီပဲဲ။
​ဂေဟာအ​ဆောက်အဦးထဲက​နေ ဝန်ထမ်းတစ်​ယောက်ထွက်လာတယ်။ လူသစ်ဖြစ်မယ်ထင်တယ် သူမမြင်ဖူးဘူး။

" လူကြီးမင်းတို့ ဘာကိစ္စ​လေးများရှိပါသလဲရှင်"

"​ဂေဟာမှူးနဲ့​တွေ့ချင်လို့ပါ"

"​ ​အော်...ဒီဘက်ကိုကြွပါရှင်"

"ဟုတ်ကဲ့" ..ရိ​ပေါ်က လမ်းသိ​နေ​ပေမယ့်လည်း..လမ်းပြ​နေတဲ့အမျိုးသမီးကြီး​နောက်ကသာလိုက်လာခဲ့တယ်။

​ဂေဟာမှူးရုံးခန်းကို​ရောက်​တော့.. ​ဂေဟာမှူးကို​တွေ့လိုက်တဲ့အချိိန်...သူ , ချက်ခြင်းဆွဲထိုးပစ်ချင်တဲ့စိတ်ကို ​တော်​တော်​လေးမြိုသိပ်လိုက်ရတယ်။

Hope (Complete)Where stories live. Discover now