အပိုင်း ၁၆

1.8K 172 1
                                    

Unicode

     ရှောင်းကျန့်တ​ယောက် Luggageအိတ်ထဲကို လိုအပ်တာ​တွေ ထည့်​နေတယ်, ဝမ်အူပုပ်က​တော့  ဘာမှကူမလုပ်ပဲ နောက် တ​ကောက်​ကောက်လိုက်ကာ အီ​နေ​တော့တာပဲ။

"ဝမ်ရာ, လိုအပ်လို့သွားရတာ သိရဲ့သားနဲ့"

"ဖုန်း​တောင်မ​​ပြောရဘူးဆိုတာ​တော့ မဖြစ်သင့်ဘူး​လေကွာ"

"ငါက ကျားခံတွင်းထဲသွားရမှာ​လေ, ဘယ်လိုလုပ်ဖုန်း​ပြောလို့ဖြစ်မလဲ, အ​ခြေ​နေ​ပေးရင်ဆက်မယ် ဟုတ်ပြီလား"

"အစားမှန်မှန်စား"

"အင်း"

"ငါ ညဘက် ဘယ်လိုအိပ်ရမှာလဲ"

"မျက်လုံးဖွင့်အိပ်".

​"ရှောင်း!!!"

"ဝမ်, မရစ်စမ်းနဲ့ ဒီအ​ခြေ​နေဖြစ်လာဖို့ ငါတို့ဘယ်​လောက်​စောင့်ခဲ့ရလဲ.."

"အင်းပါ, ဟို​​ရောက်ရင်  သတိဝီရိယနဲ့​နေ​နော်"

"​အေးပါ"

" ပစ္စည်း​တွေ အစုံပါပြီလား"

"ပါပြီ"

"ဒါဆို ​စော​စောအိပ်ကြစို့, မနက်အ​စောကြီးထသွားရမှာမလာ:?"

"အွန်း, ဒီည ပုံပြင်​​ပြောပြမယ်.."

"အင်း..ပုံပြင်နားမ​ထောင်ရတာကြာပြီ"...

...
      စီးလာတဲ့တက္ကဆီက ကွန်ဒိုတခု​ရှေ့​ရောက်​တော့ ရပ်သွားတယ်, ​ရှောင်းကျန့်လည်းပိုက်ဆံရှင်းကာ
ကွန်ဒို​ပေါ်တက်လာတယ်, ဓါတ်​လှေကား ထဲဝင်ပြီး ၈ဆိုတဲ့ ဂဏန်း​လေးကိုနှိပ်လိုက်တယ်။၈ထပ်​မြောက်ကို​ရောက်​​တော့ဓါတ်​လှေကားတံခါးကပွင့်သွားတယ်, သူလည်းဓါတ်​လှေကားထဲက ထွက်လာပြီး အခန်းတခု​ရှေ့ရပ်ကာ လူ​ခေါ်ဘဲလ်ကိုနှိပ်လိုက်တယ် ခဏ​နေ​တော့အခန်းတံခါးပွင့်လာကာ လူတ​ယောက်ထွက်လာပြီး...

" ​sean လား?"

" ဟုတ်ပါတယ်ခင်ဗျ"

"လာ..လာ.. ငါမင်းကို​​စောင့်​နေတာ"

"ဟုတ်.."

"မင်းရဲ့ပုံကို လှမ်းပို့ထား​ပေမယ့် ချက်ခြင်းမမှတ်မိဘူးဖြစ်သွားတယ်"

Hope (Complete)Where stories live. Discover now