အခန်း (၅)

23.5K 2.5K 451
                                        

#Unicode

"ဂျွန်..!"

အလုပ်ကိစ္စဖြင့် အပြင်မှာ ဧည့်သည်နဲ့တွေ့ဆုံပြီးနောက် ပြန်ဖို့ ပြင်နေတုန်း ကြားလိုက်ရသည့် အသံကြောင့် ဂျောင်ဂုရဲ့ လှမ်းလက်စ ခြေလှမ်းတွေ ရပ်တန့်သွားရသည်...။

လှည့်ကြည့်မိတော့ သူ့အချစ်ဦးဖြစ်ခဲ့ဖူးသည့် လီအွန်းဟယ်...
အနီရောင် ကိုယ်ကျပ်ဝတ်စုံဖြင့် သိပ်ကိုလှနေသော သူမ....
မတွေ့တာကြာပြီ ဆိုပေမယ့်လည်း အွန်းဟယ်က အရင်တိုင်း လှနေဆဲပါ။
အေးလေ တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းမော်ဒယ်လ်တစ်ယောက်မို့ ဒီလောက်တော့ ရှိမှာပေါ့...

နိုင်ငံခြားမှာလို့ သိထားတာ အခုဘယ်လိုလုပ်ပြီး သူနဲ့လာဆုံရပါလိမ့်..?
သူမကို မြင်တာနဲ့ တဆစ်ဆစ်နာလာသော နှလုံးသားဟာ ဓါးနဲ့ဆွနေသလို...
မတွေးချင်တဲ့ အတိတ်ကို မှတ်မိလာသော ဦ်းနှောက်ကိုလည်း ကျိန်ဆဲမိသည်။

"ဂျွန် နေကောင်းတယ်နော်..!"

"မင်း မြင်တဲ့အတိုင်းပဲ.."

ဂျောင်ဂု လေသံက လိုတာထက်ပိုမာသွားသည်။
အတိတ်မှာ ဘယ်လိုပဲ ချစ်မိခဲ့ပါစေ..
အခုလက်ရှိမှာတော့ သူမဟာ ကျွန်တော်နဲ့မသက်ဆိုင်သူမို့ စကားပြောတွေ မပြေပြစ်နိုင်...

သူက ခပ်မာမာ ပြောသော်လည်း အွန်းဟယ်က ပြုံးရုံလေးပြုံးကာ..

"ရှင်အများကြီး ပြောင်းလဲသွားတာပဲ ဂျွန်..?"

ဂျောင်ဂု မေးလိုက်ချင်ပါသည်။
ဒီလို ပုံစံအချိုးတွေဖြစ်အောင် ဘယ်သူလုပ်ခဲ့တာလဲ ဆိုပြီး...
ရူးသွပ်စွာဖြင့် ချစ်ခဲ့ဖူးသည့် နှလုံးသားကို နင်းခြေခဲ့သူကရော ဘယ်သူလဲလို့လေ..

"မဆိုင်တာတွေ မပြောစမ်းပါနဲ့.."

"ကျွန်မ ကနေဒါကနေ အပြီးပြန်လာတာ ဂျွန်.."

"အဲ့ဒီတော့....?"

"ကျွန်မ မှာ ပြောပြစရာတွေရှိတာမို့ ခနလောက် ထိုင်ပြီး စကားပြောရအောင်..."

"ဟင့်အင်း...ငါ့မှာ ပြောစရာမရှိဘူး..."

"ခနလေးပါပဲ ဂျွန်....ကျွန်မရှင့်ကို ပစ်ပြီး ထားသွားရတဲ့ အကြောင်းလေး ပြောပြချင်လို့ရယ်..."

Secretary KIM (completed)Where stories live. Discover now