#Unicode
မနက်မိုးလင်းတော့ ထုံးစံအတိုင်း ဂျောင်ဂု အရင်နိုးလာခဲ့သည်။
ပိတ်ရက်ဆိုပေမယ့်လည်း အကျင့်ပါနေသော မျက်လုံးတို့က အချိန်တန်တော့ ပွင့်လာခဲ့သည်။
သူ့ကို ဖက်ထားကာအိပ်ပျော်နေဆဲဖြစ်သော ထယ်ယောင်းလက်လေးကို အသာဖယ်လိုက်ပြီး ခေါင်းအုံးလေး အစားထိုးထည့်ပေးလိုက်သည်။နဖူးလေးပေါ် ဖွဖွစမ်းကြည့်တော့ သာမာန်ကိုယ်အပူချိန်ပဲမို့ စိတ်အေးသွားရသည်။
မိုးမိခဲ့တာကြောင့်ရော ညကကိစ္စကြောင့်ရော ပြန်ဖျားမှာစိုးရိမ်ခဲ့တာလေ...
ညတုန်းကတော့ ကိစ္စပြီးပြီးချင်း သန့်ရှင်းရေးလုပ်ပြီး ဆေးတိုက်ကာနွေးနွေးထွေးထွေးလေး အိပ်စေခဲ့တာပဲ...တော်သေးတယ် ပြန်မဖျားခဲ့ဘူး။"ချစ်စရာလေး!!"
အသံထွက်ရေရွတ်လိုက်ပြီး ပါးလေးကို ငုံ့နမ်းလိုက်ပြီးမှ ရေချိုးခန်းသို့ ဝင်ခဲ့လိုက်သည်။
နာရီဝက်လောက်ကြာချိန်မှာ သူပြန်ထွက်လာခဲ့ပေမယ့် ထယ်ယောင်းကမနိုးသေးပါ။
ခေါင်းအုံးကို အပီပြင်ဖက်ကာ တရှုးရှုးနဲ့ အိပ်ပျော်နေဆဲ...
ဂျောင်ဂုကတော့ မျက်နှာသစ်ရင်းနဲ့ရေတစ်ခါတည်းချိုးပစ်လိုက်တာမို့ ခါးမှာ တစ်ဘက်တစ်ထည်ပတ်ထား၍ ခေါင်းမှ ရေတွေကိုသုတ်နေမိသည်။"ဟဲ့ နံပါတ်ရော သိလို့လား??ဒီအတိုင်း ဖုန်းသာ ဆက်လိုက်ပါအေ.."
"အန်မလေး အမေ့မြေးက ဒီချိန်ထိထအုန်းမှာ မဟုတ်သေးဘူး...ကျွန်မတို့က စောပြီးရောက်လာတာ.."
ထယ်ယောင်းရဲ့ တိုက်ခန်းတံခါးရှေ့တွင် စကားပြောနေကြသော အမျိုးသမီးနှစ်ယောက်။
တစ်ယောက်က ထယ်ယောင်းရဲ့အမေဖြစ်ပြီး....နောက်တစ်ယောက်က ထယ်ယောင်း အဖွားပင်..."ဒါဆို နင်က တံခါးနံပါတ်သိလို့လား?"
"အမေ့မြေးကြောင်း အမေမသိဘူးလား??ထယ်ယောင်းတို့ မေ့တက်ပုံနဲ့ ခက်တာထားမှာမဟုတ်ဘူး.."
ပြောပြောဆိုဆိုနဲ့ တံခါး pw တွင် တစ်လေးလုံးက်ို ရိုက်ထည့်လိုက်သော ထယ်ယောင်းမိခင်...
ထင်သည့်အတိုင်း တံခါးပွင့်သွားခဲ့လေသည်။"တွေ့လား အမေ့မြေးက မေ့တက်လို့ နံပါတ်ကို အမြဲ အလွယ်ဆုံးထားတာ..လာ လာ အမေ ဝင်ကြရအောင်.."
KAMU SEDANG MEMBACA
Secretary KIM (completed)
Fiksi Penggemarဝမ်တစ်သောင်းတန်ကနေ စတင်ခဲ့သည့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်