အခန်း (၄)

23.4K 2.5K 561
                                        

#Unicode

ဂျောင်ဂု ရုံးခန်းထဲ ဝင်ဝင်ချင်းမှာပင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဒေါသဖြစ်သွားရသည်။
ကင်မ်ထယ်ယောင်းရဲ့ စားပွဲပေါ်မှာ စားလက်စ ခေါက်ဆွဲဘူးနဲ့ အချိုရည်ဘူးခွံက ထင်းထင်းကြီး....
တောက်ခ်!!!! စည်းကမ်းမရှိလိုက်ပုံများ....

ထိုအပေတေ ဝမ်တစ်သောင်းနဲ့ရေရှည်သာဆို တကယ်ပဲ အသက်တိုရတော့မှာ....
လာပါစေအုန်း.....ဒင်းတော့ ငါနဲ့တွေ့ပြိီပဲ။
ထိုစဥ် အဖွဲ့မှုးမင်ဂျွန်း ရောက်လာသည်...။
သူ့အပြစ်နဲ့သူမို့ ဂျောင်ဂုကို မြင်တော့ ခြေလှမ်းတို့ တုံ့ခနဲရပ်ပြီး မျက်နှာချိုသွေးမိသည်။

"ဒုဥက္ကဌ ရောက်လာပြီလား...ဒိီနေ့စောတယ်နော်.."

"ကင်မ်ထယ်ယောင်း လာရင် ငါ့အခန်းထဲ လွှတ်လိုက်...ပြီးတော့ မင်း ကြပ်ကြပ်သတိထားနေ.."

"ဗျာ....ဟုတ်ကဲ့.."

ထိုတစ်ခွန်းသာ ပြော၍ ဒေါကြိီးမောကြီးနဲ့ အခန်းထဲဝင်သွားသော ဒုဥက္ကဌကြောင့် မင်ဂျွန်းပင် ကြောင်သွားသည်။
သူကတော့ အပြစ်လုပ်ထားသူမို့ ထားလိုက်တော့...
ဘာကိစ္စ စောစောစီးစီး ထယ်ယောင်းကို ရှာနေပြန်တာလဲ..?
နောက်မှ ထယ်ယောင်းစားပွဲပေါ်က မုန့်ခွံတွေကို တွေ့လိုက်ရမှ သဘောပေါက်သွားရတော့သည်။

"အဖွဲ့မှုးးးဘာရပ်လုပ်နေတာလဲ..?"

"အော်...ဂျီမင် ရောက်လာပြီလား..?ဒီမှာ အတွင်းရေးမှုးကင်မ်က ပြဿနာရှာထားပြန်ပြီလေ..."

ပြောလည်းပြော မေးငေါ့ပြနေသည့် အဖွဲ့မှုးကြောင့် ဂျီမင်ကြည့်လိုက်တော့ ထယ်ယောင်းရဲ့ စားပွဲပေါ်မှာအမှိုက်ခွံတွေ...
ကြည့်ရတာ ညက စားပြီး သိမ်းဖို့မေ့ခဲ့တယ် ထင်ပါတယ်။

"ထယ်ယောင်းတို့ကတော့ ဒေါသအိုးရဲ့ မီးမွှေးလိုက်ပြီကိုး..!"

"ဟုတ်ပါရဲ့....မကြာခင် အော်သံကြားရအုန်းမှာပဲ.."

ဂျီမင်နဲ့အဖွဲ့မှုး နေရာမှာထိုင်ပြီး မကြာလိုက်.....လေလေးတစ်ချွန်ချွန်ဖြင့် ရောက်လာသော ထယ်ယောင်း။

"မင်္ဂလာပါ အဖွဲ့မှုးနဲ့ဂျီမင်....ဒီမှာ ကြည့်...ကျွန်တော်က ကော်ဖီဝယ်လာတယ်...."

Secretary KIM (completed)Tempat cerita menjadi hidup. Temukan sekarang