အခန်း(၁၁)

23.2K 2.5K 660
                                        

#Unicode
"မင်း အလုပ်ကို ဘယ်လိုလုပ်နေတာလဲ..?"

အဖေ့ဆီ ရောက်ရောက်ချင်း အော်ဟစ်သံနဲ့အတူတူ မျက်နှာတည့်တည့်ကို ပစ်ပေါက်ခံလိုက်ရတဲ့သတင်းစာ...
လွင့်ထွက်သွားသော စာရွက်တွေက သူ့ခြေထောက်နားမှာ ဟိုဟိုသည်သည်ပြန့်ကျဲလို့..

"တောင်းပန်ပါတယ်.."

"ငါ မင်းကို သေချာလေးဂရုစိုက်ဖို့ မှာခဲ့တယ်မဟုတ်လား...အခုကြည့်စမ်း !တောက်ခ်!!"

အတော်လေး ဒေါသထွက်နေပုံရသည့် အဖေက လက်သီးဖြင့် စားပွဲကို ထုလိုက်သည်။

"မင်း ဘာတွေဖြစ်နေတာလဲ ဂျွန်ဂျောင်ဂု...မဟုတ်မှလွဲ ဟိုကောင်မလေး လီအွန်းဟယ်ပြန်ရောက်နေလို့ စိတ်တွေ လွင့်နေတာလား..?"

အဖေ့စကားကြောင့် ဂျောင်ဂု ဆတ်ခနဲ မော့ကြည့်ပစ်လိုက်သည်။
သူ အွန်းဟယ်ကို ကင်းကင်းနေခဲ့တာ သူကိုယ်တိုင် အသိဆုံးမို့ စွပ်စွဲမခံနိုင်ပါ။

"အွန်းဟယ် နဲ့ မဆိုင်ပါဘူး အဖေ...ပြီးတော့ အဲ့ဒီမော်ဒယ်လ်မိန်းခလေးက ကျွန်တော့် ဝန်ထမ်းကို အရင်ဆုံး ရိုင်းပြခဲ့တာပါ.."

"မင်းဝန်ထမ်းက အရင်အမှားလုပ်ခဲ့တာဆို...ဒါဆိုကျေနပ်အောင် တောင်းပန်ရမှာလေ...အခုကျတော့ ရင့်ရင့်သီးသီးပြန်ပြောလွှတ်လိုက်တာ ကောင်းလား...?"

"ဘယ်လောက်ပဲ စာချုပ်ချုပ်ရမယ့် အရေးကြီးတဲ့လူဖြစ်နေပါစေအုန်း...သက်သက်မဲ့ကြီး စော်ကားနေတာကိုတော့ ငြိမ်ခံနေရမှာလား..?"

"အဲ့ဒီတော့ မင်းရဲ့ အတွင်းရေးမှုးက ပိုအရေးကြီးနေတာလား..?စာချုပ်နဲ့ယှဥ်ရလောက်တဲ့အထိလေ.."

"ဟုတ်ကဲ့...လုပ်ငန်းမှာ ကျွန်တော့် ဝန်ထမ်းတွေရှိနေလို့သာ အောင်မြင်ပြီး စာချုပ်ပေါ်မှာ လက်မှတ်တစ်ခုနဲ့ ငွေတွေရင်းပြီးရင်တောင် ဝန်ထမ်းတွေရှိမှ ဖြစ်တာ...အစကနေ အဆုံးထိကြည့်ရင် လုပ်ငန်းကြီးတစ်ခုဖြစ်မြောက်လာဖို့အတွက်နောက်ကွယ်မှာ ပေးဆပ်ရတဲ့ ဝန်ထမ်းတွေ အများကြီးပါ...ဒါကြောင့် ကျွန်တော့် ဝန်ထမ်းတွေက အဖိုးတတန်ပါတယ်.."

"ခွပ်!!!"

ပါးပေါ်ကို ရောက်လာသည့်  လက်သီးပြင်းပြင်း တစ်ချက်...
ချာခနဲ တစ်ဖက်ကို လည်ထွက်သွားပြီးနောက် ပါးစပ်ထဲ ငန်ကျိကျိအရသာကို ခံစားလိုက်ရပေမယ့် ဂျောင်ဂု မျက်နှာကို အဖေ့ဘက်သို့သာ ပြန်လှည့်လိုက်သည်။

Secretary KIM (completed)Where stories live. Discover now