#Unicode
"မင်္ဂလာ နံနက်ခင်းပါ ဒုဥက္ကဌ.."
"မင်္ဂလာပါ...ခနနေ အစည်းအဝေး စကြတာပေါ့.."
အခန်းထဲဝင်လာသော ဂျွန်ဂျောင်ဂုကို တစ်ခြားသူတွေ နည်းတူ ထယ်ယောင်း နှုတ်ဆက်လိုက်သော်လည်း မျက်လုံးချင်းဆုံအောင်တော့ မကြည့်ဖြစ်ခဲ့...
မနေ့ညက အကြောင်းကို ပြန်တွေးတိုင်း သူ မျက်နှာပူမိတာမို့လေ..
မနေ့ညက ကိုယ့်အခန်းကို ပြန်ရောက်တဲ့အထိ ထယ်ယောင်းရဲ့ ရင်ခုန်သံတွေ မရပ်တန့်နိုင်သေး...
ရုတ်တရက်ကြီး သူ့ကို နမ်းပြီးသဘောကျတယ်ဆိုပြီး ပြောနေတဲ့ ဂျွန်ဂျောင်ဂုရယ်...
ပထမဆုံး အနမ်းကို လုယူသွားတာမို့ ဂျွန်ဂျောင်ဂုဆိုတဲ့ ထိုလူကြီးကို ထယ်ယောင်းအမြင်ကတ်မိသည်။
ဒါပေမယ့်လည်း စိတ်ထဲက အတွေးတွေနဲ့ ကွဲလွဲစွာဖြစ်နေခဲ့သော နှလုံးသားကြောင့် ထယ်ယောင်းစိတ်ထဲ မရေမရာ...
ကြည့်ရတာ သူ့ဆီကလည်း အရက်နံ့ရနေတာမို့ မူးတုန်းပြောတဲ့စကားပဲ ဖြစ်မှာပါ။
ဒီမနက် မှတ်မိချင်မှ မှတ်မိလိမ့်မှာ....
"အတွင်းရေးမှုး ကင်မ် ကော်ဖီ.."
အခန်းပေါက်ဝကနေ ကော်ဖီလှမ်းတောင်းပြီး အထဲသို့ပြန်ဝင်သွားသော သူ..
ထယ်ယောင်းသက်ပြင်းအသာချ၍သာ ကော်ဖီဖျော်ဖို့ ပြင်ရပြန်သည်။
မျက်နှာပူလို့ မတွေ့ချင်ပါဘူးဆို တကယ်ပဲ..!
"ကော်ဖီရပါပြီ.."
အသံလေးနဲ့အတူတူ အနားသို့ရောက်လာသော အရိပ်လေးကြောင့် ဂျောင်ဂု မော့မကြည့်သေးခင်မှာပင်ပြုံးမိသွားသည်။
"မောနင်း.."
သူ့ဘက်ကပြုံးရွှင်စွာဖြင့် စတင်နှုတ်ဆက်လိုက်သော်လည်း..
"ဟုတ်ကဲ့.."
မျက်လွှာချထားလျက်နဲ့ပင် ပြန်ဖြေလေသည့် ထယ်ယောင်း....
"မနေ့ညက.."
အစချီလိုက်သော သူ့စကားမှာ ထယ်ယောင်းပျာယာခတ်သွားရသည်။
ဘာလဲ..?သူက မှတ်မိနေတာလား..?
ပူတက်လာသော မျက်နှာကို ဘယ်မှာဖွက်ထားလို့ရမလဲ မသိ...
"မနေ့ညက အပြုအမူအတွက် တောင်းပန်ပါတယ်...ကိုယ်နည်းနည်းသောက်ထားတာကြောင့် စိတ်မထိန်းနိုင်ဘူး ဖြစ်သွားတယ်...ဒါပေမယ့် မင်းကို သဘောကျတာကတော့စိတ်ရင်းပါ."
VOCÊ ESTÁ LENDO
Secretary KIM (completed)
Fanficဝမ်တစ်သောင်းတန်ကနေ စတင်ခဲ့သည့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်
