အခန်း (၂၄)

19.2K 1.9K 1K
                                    

#Unicode
သောကြာနေ့ညနေ အလုပ်ကအပြန်မှာတော့ ဂျောင်ဂုနဲ့အတူတူ စျေးဝယ်ထွက်ဖြစ်ခဲ့သည်။
အကြောင်းရင်းက ထယ်ယောင်းအိမ်က ရေခဲသေတ္တာထဲမှာ အာဟာရဖြစ်မယ့် အစားအစာ တစ်မျိုးမှ မရှိတာမို့တဲ့။
ထယ်ယောင်းက တစ်ကိုယ်တည်းသမားမို့ ဆိုင်မှာပဲ အမြဲစားဖြစ်တယ်လေ။
အိမ်မှာ ဝယ်ဖြည့်ထားတော့ရော သူမှ မချက်တက်တာကို...မဝယ်ချင်ပါဘူးပြောတာကို လက်မခံပဲ လူကို အတင်း ဆွဲခေါ်လာတာ...

"ဒါလည်း ယူမယ်...ဒါရောပဲ.."

မျက်စိထဲ မြင်မြင်သမျှကို တွန်းလှည်းထဲ အကုန်ပစ်ထည့်နေသော ဂျောင်ဂုကြောင့် ထယ်ယောင်း စိတ်လေမိသည်။
ဒီ စျေးဝယ်စင်တာ တစ်ခုလုံးကိုများ ဝယ်ဖို့တွေးနေသလားပဲ...

"အရမ်းများနေပြီလေ ဂျောင်ဂု.."

"ဟင် ဘယ်မှာများလို့လဲ? အသီးတောင် မဝယ်ရသေးဘူး..ထယ်က ဘာအသီးကြိုက်လဲ?"

"တော်ပြီလို့...အများကြီး ဝယ်ထားလည်း ကျွန်တော်ကမှ မစားနိုင်တာ.."

"ဖြေးဖြေးချင်းစားပေါ့...ထယ်က အဲ့လို မစားပဲနေလို့ သေးသေးလေး ဖြစ်နေတာလေ..လာ အသီးတွေသွားရွေးမယ်..."

သူသဘောနဲ့သူ လုပ်ချင်တာ လုပ်နေသည့် ဒီကိုကြိီးကျယ်ကြီးကို ထယ်ယောင်း ခေါင်းခေါက်ချင်လာပြီ။

"ထယ် ပြောအုန်းလေ..ဘာအသီးကြိုက်လဲလို့...."

"ဘာမှ မကြိုက်ဘူး.."

"မပြောဘူးပေါ့...ရတယ်လေ အကုန် ဝယ်လိုက်မှာပေါ့ ..ဘာခက်တာမှတ်လို့!"

ထယ်ယောင်းမှာ မျက်လုံးပြူးရတော့သည်။
တကယ်လည်း အကုန်ဝယ်မယ့် အနေအထားမို့ သူ့လက်ကို အလျင်မြန်လှမ်းဆွဲရင်း..

"စတော်ဘယ်ရီ..စတော်ဘယ်ရီပဲ ကြိုက်တယ်.."

"အိုခေ..စတော်ဘယ်ရီ ရစေရမယ်.."

ပြောလည်းပြော စတော်ဘယ်ရီဘူး ငါးဘူးကို ခြင်းထဲထည့်သည်။

"တစ်ဘူးဆို တော်ပြီလေ..."

"များများဝယ်ထားတော့ ကုန်သွားရင် ထပ်ဝယ်စရာမလိုတော့ဘူးလေ...."

ဆက်ပြောရင်လည်း မနိုင်မယ့်အတူတူ ထယ်ယောင်း ဆက်မပြောမိတော့...။
တစ်ခြားအသီးတွေကို မျက်စောင်းထိုးနေသော ဂျောင်ဂုလက်ကို ဆွဲကာ...

Secretary KIM (completed)Donde viven las historias. Descúbrelo ahora