#Unicode
ဒီနေ့တော့ အလုပ်ပိတ်ရက်မို့ ထယ်ယောင်း အတော်လေး နောက်ကျမှ အိပ်ယာကထခဲ့သည်။
နိုးနိုးချင်း ရေဆာတာကြောင့် ရေသောက်ဖို့ ရေခဲသေတ္တာဆီသွားရန် ဧည့်ခန်းထဲက အဖြတ်..
"အိုမား.!!!!"
အထိတ်တလန့် အာမေဋ်ိတ်သံက စူးခနဲ ထွက်သွားရသည်။
ဆိုဖာပေါ်မှာ ဆန့်ဆန့်ကြီး အိပ်ပျော်နေသူက ကိုကြိီးကျယ် ဂျွန်ဂျောင်ဂု...
ထယ်ယောင်း အော်သံကြောင့် မျက်မှောင်တစ်ချက်ကျုံ့သွားပြီး
နိုးတော့နိုးမလာ...
အိပ်နေရင်းကနေ တစ်ဖက်ကိုလှိမ့်လိုက်တာမို့ အောက်သို့ ပြုတ်ကျသွားသော်လည်း မနိုးပါ...။
ထယ်ယောင်းမှာသာ ပါးစပ်ကိုလက်ဝါးလေးနဲ့အုပ်လျက်သားဖြင့် အသည်းသန်စဥ်းစားနေရသည်။
ဒီလူကြီး ဘယ်ကနေဘယ်လို သူ့အိမ်ရောက်နေတာလဲ..?
ညက အဖြစ်အပျက်တွေ ပြန်တွေးကြည့်တော့မှ ရေရေရာရာသဘောပေါက်ရတော့သည်။
သီချင်းဆိုပြီးတော့ မူးနေသည့် ဝန်ထမ်းတစ်စုက ဒုဥက္ကဌတွေ ဘာတွေမေ့ကာ တစ်ယောက်တစ်ခွက် ငှဲ့ပေးရင်း အရက်ဝိုင်းတိုက်ကြသည်။
ခါတိုင်းဆို အော်ထုတ်တက်သည့် ကိုကြီးကျယ်ကလည်း မနေ့က စိတ်ကောင်းဝင်နေတာလား...?ပထမသောက်ထားတဲ့ အရှိန်ကြောင့်ပဲလားမသိ....သဘောကောင်းစွာဖြင့် တိုက်သမျှ အရက်ကို လက်ခံသောက်သည်။
အားလုံးမူးသွားကြပြီး ပြန်တဲ့သူကပြန်သွားသော်လည်း ကိုကြီးကျယ်ကတော့ အရက်ရှိန်ဖြင့် အိပ်ပါပျော်နေသေး....
နောက်ဆုံးတော့ အကောင်းပတိကျန်နေသည့် ထယ်ယောင်းကိုသာ ကိုကြီးကျယ်အားလိုက်ပို့ရန် အဖွဲ့မှုးက တာဝန်လွှဲချလိုက်ခြင်းပင်...။
ခက်တာက ထယ်ယောင်းလည်း သူ့လိပ်စာမသိ...
မေးသော်လည်း မူးမူးနဲ့ဘာတွေ ဗလုံးဗထွေးပြောနေမှန်းမသိတာကြောင့် နောက်ဆုံး သူ့တိုက်ခန်းကိုသာ ခေါ်ခဲ့လိုက်ရသည်။
Taxi ထဲမှာလည်း အွန်းဟယ်ဆိုသော နာမည်တစ်ခုကိုသာ ထပ်တလဲလဲရေရွတ်နေတာမို့ နားငြီးရသေး...
သူ့ကိုယ်လုံး အလေးကြီးကို စားသောက်ဆိုင်ကနေ အခု သူ့အိမ်ဧည့်ခန်းထဲထိသယ်လာရတာမို့လူကပင်ပန်းပြီး အိပ်ပျော်သွားတာကြောင့် ဒင်းကို မေ့သွားတာ...
YOU ARE READING
Secretary KIM (completed)
Fanfictionဝမ်တစ်သောင်းတန်ကနေ စတင်ခဲ့သည့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်
