အခန်း (၂၀)

22.3K 2.3K 1K
                                        

#Unicode
အမှောင်ထဲထိုင်ရင်း အရက်ပြင်းပြင်းတစ်ချို့ကို ဆက်တိုက်သောက်နေသော လီအွန်းဟယ်..
မျက်ရည်စတွေကပါးပေါ်သို့ မကုန်နိုင်မခမ်းန်ိုင် ကျဆင်းရင်း သူမရင်ထဲမှာ နာကျင်လို့နေသည်။

လွန်လေပြီးသော သုံးနှစ်...
ဂျောင်ဂုအဖေပေးသမျှပိုက်ဆံကို နှလုံးသားနဲ့လဲကာ နိုင်ငံရပ်ခြားကို ထွက်ခဲ့သော သူမ။
အမေ့ရဲ့ ဆိုးဝါးနေသော ကျန်းမာရေးအခြေနေကိုလည်း ကုပေးရင်း သူမဖြစ်ချင်သော အမြင့်ကိုလည်း တက်လှမ်းနိုင်အောင် ကြိုးစားခဲ့သည်။

ဒါပေမယ့် ကံကြမ္မာက ချစ်ရသူကို စွန့်ပစ်ခဲ့တဲ့အတွက် သူမကို ဒဏ်ခတ်သည်ထင်ပါရဲ့....
သူမအမေ ရုတ်တရက် ဆုံးပါးသွားကာ သူမသည်လည်း အောင်မြင်မှုဒဏ်ရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရသည်။
တက်သစ်စ မော်ဒယ်ပီပီ သူဌေးတွေနဲ့အလုပ်တွဲလုပ်တိုင်း ကဲ့ရဲ့ရှုံ့ချတက်သည့် လူတွေကြောင့် ပင်ပန်းလာရသည်။
ခန္ဓာကိုယ် ပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုဆိုးတာမို့ ပင်ပန်းချိန်တိုင်း အတောင့်တမိဆုံးသူက ဂျောင်ဂုကိုသာ...

ဂျောင်ဂုပြောသလို သူမလည်း ရှင်းပြချင်ခဲ့တာပေါ့။
ဒါပေမယ့် တစ်စက္ကန့်လေးတောင် အားချိန်မရပဲ ဆက်တိုက်နီးပါး အချိန်ဇယားတွေ,ပြိုင်ပွဲတွေကြား နစ်မြုပ်နေခဲ့ရတာ..

အမြင့်ကိုရောက်လေ ပင်ပန်းလေမို့ အံ့ကြိတ်ပြီး ဖြတ်ကျော်ခဲ့ရတဲ့ နေ့ရက်တွေ...
သုံးနှစ်စာချုပ်ပြည့်ရင် အမိမြေကိုရီးယားကိုပြန်ကာ ဂျောင်ဂုကို တောင်းပန်ချင်တဲ့စိတ်နဲ့ နေ့တိုင်းနီးပါး အရူးလို ဖြတ်ကျော်ခဲ့ရတာ...
ဒါတွေ ဂျောင်ဂု မသိဘူးမဟုတ်လား??

အခုတော့ ချစ်ရသူက သူမကို ရွံတယ်တဲ့လေ။
မှားခဲ့တာတွေအတွက် ဝန်ချတောင်းပန်ပြီး ရှင့်ကို ပြန်လိုချင်ခဲ့တာပါ ဂျွန်ရယ်။
ကျွန်မ မရှိရင် ဂျွန် ပျော်မှာလား?

ရှင်မုန်းရင်တောင် ကျွန်မက မမုန်းတာမို့ ရှင့်ကို ပိုင်ဆိုင်ဖို့ကြိုးစားနေအုန်းမှာပဲ ဂျွန်...
အရှက်မဲ့တယ်ပဲပြောပြော ဘယ်လိုနည်းလမ်းမျိုးပဲ သုံးရသုံးရ ရှင့်အချစ်ကို ပြန်လိုချင်တယ်။
.
.
.
.
.
.
.
.
.
"အင်~~ အိုမားးးးးး"

Secretary KIM (completed)Tahanan ng mga kuwento. Tumuklas ngayon