#Unicode
ဒီနေ့ရိုက်ကူးရေးပြီးပြီမို့ အွန်းဟယ်တစ်ယောက် ဟိုတယ်အခန်းထဲမှာပဲ ရှိနေသည်။
သူမအခန်းက Seaview ဖြစ်တာကြောင့် ပြတင်းပေါက်ကနေတစ်ဆင့် မြင်နေရတဲ့ ပင်လယ်ပြာ...
လှိုင်းဖွေးဖွေးတွေ ကမ်းစပ်ကို လာရိုက်ခတ်တိုင်းမှာ ပျောက်ကွယ်သွားတက်တဲ့ သောင်ပြင်ပေါ်က ခြေရာတွေ...သူမအချစ်ကရော လှိုင်းထန်ခဲ့တဲ့ ရိုက်ချက်တစ်ခုမှာ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ရပြီလား..?
တစ်ပါတ်ပြန်လည်ခဲ့သော အတိတ်တစ်ချို့.."မင်းက လီအွန်းဟယ် မလား.."
အွန်းဟယ် အချိန်ပိုင်းအလုပ်လုပ်နေသည့် ကော်ဖီဆိုင်လေးကိုရောက်လာသော လူတစ်ယောက်.
မျက်နှာစိမ်းမို့ အစကတော့ကြောင်သွားရသည်။"ဟုတ်ကဲ့ ကျွန်မက လီအွန်းဟယ်ပါ.."
"ဒါဆို ကျွန်တော်နဲ့လိုက်ခဲ့ပေးလို့ရမလား..?ဥက္ကဌကြီး ဂျွန်က တွေ့ချင်နေလို့ပါ.."
ထိုလူဆက်ပြောလာသည့် ဥက္ကကြီးဂျွန်ဆိုတဲ့ အမည်နာမကြောင့် အွန်းဟယ် ထိတ်လန့်သွားမိသည်။
တစ်ချိန်မှာတော့ ရင်ဆိုင်ရမှာကို သိရပေမယ့် ဒီလောက်ကြီး မြန်မယ်မထင်ဘူးလေ။"ကောင်းပြီ ကျွန်မလိုက်ခဲ့မယ်.."
နန်းတော်တစ်မျှခမ်းနားသော အိမ်ထဲက်ို ခြေချေမိတော့ အွန်းဟယ်အလိုလိုသိမ်ငယ်မိသား..
အခန်းကျယ်တစ်ခုထဲကို ဝင်ခိုင်းသော စောနကလူကြောင့် အွန်းဟယ်ဝင်လိုက်တော့ ကျောပေးကာရပ်နေသည့် လူတစ်ယောက်ရှိနေသည်။
သူမခြေသံကြောင့် လှည့်ကြည့်သော ဥက္ကဌကြိီးဂျွန် တစ်နည်းအားဖြင့် သူမချစ်ရပါသော ဂျွန်ဂျောင်ဂု၏ အဖေ.."ရောက်လာပြီလား..?"
"ဟုတ်ကဲ့.."
"မင်းက လှသားပဲ...ဒါကြောင့်လည်း ငါ့သားလေးက စွဲလန်းနေတာကိုး..ဒါပေမယ့် ဘယ်လိုလုပ်မလဲ ငါ့သားကို မင်းနဲ့သဘောမတူနိုင်ဘူး.."
ဒဲ့ကြီး ပြောလာသည့် ဂျွန့်အဖေဟာ ညှာတာသနားမှုဆိုတာကိုလည်း သိမယ့်ပုံမပေါ်..
"ကျွန်မ ဂျွန့်ကို ချစ်တယ်...."
ဥက္ကဌကြီးကဟက်ခနဲ တစ်ချက်ရီသည်။
YOU ARE READING
Secretary KIM (completed)
Fanfictionဝမ်တစ်သောင်းတန်ကနေ စတင်ခဲ့သည့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်