#Unicode
"ဒုဥက္ကဌ...."
အဖွဲ့မှုး လီမင်ဂျွန်းရဲ့ခေါ်သံကြောင့်ဂျောင်ဂု မော့ကြည့်မိတော့ တံခါးဝမှာ ရပ်ပြီး ဝင်ခွင့်တောင်းနေတာမို့ ဝင်ခိုင်းလိုက်သည်။
"ဝင်ခဲ့.."
"ကျွန်တော် ပြောစရာရှိလို့ပါ.."
"အရေးကြီးလား..!"
မင်ဂျွန်းကို ပြန်ဖြေနေပေမယ့် ဒုဥက္ကဌဂျွန်ရဲ့ မျက်လုံးတို့က Laptop ဖန်သားပြင်ပေါ်မှ မခွာ..
"ဟိုလေ...ဝန်ထမ်းသစ် စာရင်း ရပါပြီ.."
ထိုစကားကို ကြားတာနဲ့ မိမိကိုစူးခနဲမော့ကြည့်လာသည့် မျက်လုံးတွေကြောင့် မင်ဂျွန်းတစ်ယောက် ယောင်ယမ်းကာ တံတွေးမြိုချမိသည်။
"အဲ့ဒါ ငါနဲ့ဘာဆိုင်လဲ..?"
"ဗျာ...အာ..အဲ့ဒါကလေ..!"
"ဝန်ထမ်းသစ်ရွေးတာကအစ ငါက လိုက်လုပ်ပေးရအုန်းမှာလား..?
မင်းကို အဖွဲ့မှုးအဖြစ် ခန့်ထားတာက ဒီလိုကိစ္စတွေကို စီမံဖို့လေ....ငါ့ဆီ လာတင်ပြနေစရာမှမလိုတာ.."မင်ဂျွန်း သက်ပြင်းချချင်သော်လည်း သူ့အရှေ့က ဒေါသအ်ိုးက်ို ကြောက်၍ မချဖြစ်..။
သူ့ရှေ့မှာရှိနေတဲ့လူက ဒီ Company ပိုင်ရှင် ဥက္ကဌကြိီး ရဲ့သားသာ ဖြစ်မနေဘူးဆိုရင် တစ်ချက်လောက် ဆွဲထိုးပြီး အလုပ်ကထွက်ပစ်လိုက်တာ ကြာပြီ။
နောင်တက်လာမည့် CEO လောင်းမို့သာ သည်းခံနေရတာ..."ကျွန်တော်က ဝန်ထမ်းရွေးခိုင်းဖို့မဟုတ်ပါဘူး....ဒီနေ့ အင်တာဗျူးအောင်တဲ့သူတွေထဲမှာကလေ ဟ်ိုတစ်နေ့က ဒုဥက္ကဌနဲ့ပြဿနာဖြစ်တဲ့ ကောင်လေးက အတွင်းရေးမှုးအဖြစ်အောင်တဲ့ထဲပါနေတာမို့ လာပြတာပါ.."
မင်ဂျွန်းစကားကြောင့် ဂျောင်ဂုသ်ိချင်စိတ်တွေ မြင့်တက်သွားရသည်။
"ဘယ်မှာလဲ..?"
မင်ဂျွန်းကမ်းပေးလာသည့် ဖိုင်တွဲက်ို စစ်ဆေးကြည့်တော့ ဟိုတစ်သောင်းတန် အပေတေလေး ဟုတ်နေတာပဲ...နာမည်က ကင်မ်ထယ်ယောင်း..
ဓါတ်ပုံထဲမှာတောင် ရုပ်ကိုက ခလေးလ်ိုလိုခွေးလိုလို..အူကြောင်ကြားနဲ့...
အဲ့လို အပေတေလေးက သူ့အတွင်းရေးမှုးတဲ့လေ။
![](https://img.wattpad.com/cover/274072683-288-k12042.jpg)
YOU ARE READING
Secretary KIM (completed)
Fanfictionဝမ်တစ်သောင်းတန်ကနေ စတင်ခဲ့သည့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်