အခန်း (၂၁)

19.6K 2.1K 731
                                    

#Unicode
"ဒေါက် ဒေါက် ဒေါက် .."

"ဝင်ခဲ့ပါ.."

"နေကောင်းတယ်မလား အန်ကယ်လ်.."

"ဟော သမီး လီလီ လာလေ..အန်ကယ်လ်က နေကောင်းပါတယ်...ဟိုတစ်ခါလာပြီးတည်းက ပျောက်နေလိုက်တာ.."

"ဟီးးးမအားလို့ အန်ကယ်လ်ရဲ့...အခုလည်း ဖေဖေက အန်ကယ်လ်ကို ဂျင်ဆင်းအားဆေး ပေးခိုင်းလိုက်လို့ လာပို့ပေးတာ.."

"အပင်ပန်းခံလို့ သမီးရယ်...ဂျောင်ဂု နဲ့ ထည့်ပေးလိုက်ရောပေါ့."

"ရပါတယ် အန်ကယ်လ်ရဲ့ သမီးက ထယ်ယောင်း ကိစ္စလည်း သိချင်လို့ လာခဲ့လိုက်တာ...ဘယ်လိုလဲ အန်ကယ်....စမ်းသပ်မှုက အောင်မြင်ရဲ့လား?"

လီလီက ပြုံးစစလေးမေးလိုက်တော့ အန်ကယ်ဂျွန်ရဲ့ မျက်နှာမှာ ကျေနပ်ခြင်းတွေကို တွေ့လိုက်ရသည်။

"ရာနှုန်းပြည့်ပဲ..."

"ပြောသားပဲ....ထယ်ယောင်းက တကယ်ကို စိတ်ထားလှသူလေးပါလို့."

လိီလီရဲ့ အပြောကို ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဂျောင်ဂုအဖေက ထောက်ခံလ်ို့နေသည်။
သူ့သားရဲ့ အနာဂတ်လက်တွဲဖော်ကိုအဆင်းရော အချင်းပါ ပြည့်စုံတဲ့သူမျိုးပဲ ဖြစ်စေချင်ခဲ့တာ..
အစတုန်းကတော့ လီလီဆိုတဲ့ ဒီခလေးမနဲ့တတွဲတွဲမို့ သူတို့ချင်းချင်း ချစ်လာခဲ့မယ် ထင်ထားပေမယ့် ကွဲလွဲစွာပင် သူ့သားချစ်တဲ့သူဟာ ယောင်္ကျားလေး တစ်ယောက် ဖြစ်နေခဲ့သည်။

တိုးတက်နေသော ရာစုသစ်ရဲ့ ဖခင်မို့အချစ်မှာ ခွဲခြားမှုတွေမရှိတာကို သူလက်ခံပေးလို့ရ၏
အံ့သြမှုတွေနဲ့ သားတော်မောင်ကို နောက်ယောင်ခံလိုက်ခဲ့တာ အတော်ကြာပြီ။

ဟိုမော်ဒယ်လ်ကောင်မလေးနဲ့အကြောင်းတွေ တက်လာတော့ သားကများ အဲ့ခလေးမကို ပြန်ပြီးစိတ်ယိုင်နေသလားဆိုတာကို စိတ်ဆိုးခဲ့ပေမယ့် လီလီက သူ့ကိုဖျောင်းဖြကာ ထိုကိစ္စတွေကို အကုန်ရှင်းပေးခဲ့သည်။
လီလီဖခင်ကလည်း ရာထူးကြီးကြိီးထဲကမို့ သတင်းတွေအကုန် ခနလေးအတွင်း ပျောက်သွားတာပေါ့လေ။

ဂျောင်ဂုကို နောက်ယောင်ခံလိုက်ပြီး ရလာတဲ့ပုံတွေ​ကို လီလီက အမှတ်မထင်တွေ့သွားတာကနေ  ထယ်ယောင်းအကြောင်းတွေမေးခဲ့မိသည်။ထယ်ယောင်းကို ခေါ်ပြီး စမ်းသပ်ခဲ့တာကလည်း လီလီအကြံပင်...

Secretary KIM (completed)Wo Geschichten leben. Entdecke jetzt