#Unicode
ဂျောင်ဂုရဲ့ ခြေလှမ်းတွေက ဒီနေ့မှ တက်တက်ကြွကြွ ဖြစ်လို့နေ၏
ဒီနေ့ ထယ်ယောင်း အလုပ်ပြန်လာမယ် မဟုတ်လား...
မနေ့ညတည်းက ထယ်ယောင်းငိုနေတာကို ပြန်တွေးမိတိုင်း သူ့မျက်နှာ ပြုံးဖြီးဖြီးဖြစ်နေမိတာ...
ခလေးတွေလို အော်ငိုနေပုံလေးက သူ့မျက်လုံးထဲကနေ ထွက်မသွား....
အစတုန်းကတော့ ကြည့်မရခဲ့ပေမယ့်အခုနောက်ပိုင်းမှာ ဘာရယ်ကြောင့်မသိ ထိုကောင်လေးကို တွေ့တိုင်း ရင်ထဲမှာ ပျော်သလိုခံစားချက်ရယ်....
အခုလည်း တွေ့ရမယ်ဆိုတဲ့ စိတ်ကြောင့် အပျော်တွေက ဖုံးမရဖိမရ...
သိက္ခာရှိနေလို့သာ မျက်နှာကို တည်ထားပေမယ့်လည်း စိတ်တို့က ပျော်နေ၏
တံခါးကို အသာတွန်းဖွင့်လိုက်တော့ စားပွဲမှာ ထိုင်နေသည့် ထယ်ယောင်း...
ဂျောင်ဂု လှစ်ခနဲပြုံးလိုက်မိသည်။
"မင်္ဂလာ နံနက်ခင်းပါ..."
ရုံးခန်းထဲရောက်ရောက်ချင်း ဂျောင်ဂုရဲ့ နှုတ်ဆက်သံကြောင့် အားလုံးက တအံ့တသြဖြစ်နေကြတုန်း..
ဟုတ်တယ်လေ သူတို့သူဌေးက ခါတိုင်းဆို ဖော်ရွေစွာနဲ့ နှုတ်ဆက်တက်သူမှ မဟုတ်တာ...
ဂျီမင်က အဖွဲ့မှုးကို အသာတို့လိုက်တော့မှ ကြောင်ငေးနေရင်းကနေ သတိဝင်လာကာ ပြန်နှုတ်ဆက်ကြသည်။
"မင်္ဂလာနံနက်ခင်းပါ ဒုဥက္ကဌ!"
"ကောင်းပြီ...အတွင်းရေးမှုးကင်မ် ကော်ဖီ...!"
"ဟုတ်ကဲ့.."
အဖွဲ့မှုးရဲ့ အကြည့်တွေက အခန်းထဲဝင်သွားသော ဒုဥက္ကဌကိုကြည့်လိုက်,ကော်ဖီဖျော်ဖို့ပြင်နေသည့် ထယ်ယောင်းကို ကြည့်လိုက်နဲ့ရယ်..
"ထူးဆန်းတယ်...ထူးဆန်းတာမှ တော်တော့်ကို ထူးဆန်းနေတယ်.."
အဖွဲ့မှုးဆီက စကားသံ...
"ဘာက ထူးဆန်းတာလဲ အဖွဲ့မှုးရဲ့.."
"မင်း စဥ်းစားကြည့် ဂျီမင်...မင်း ဒီမှာ အလုပ်လုပ်နေတဲ့ အတောအတွင်း ဒုဥက္ကဌ ရဲ့မျက်နှာ ဒီလိုကြည်နေတာ မြင်ဖူးလား..?"
အဖွဲ့မှုးအပြောကြောင့်ဂျီမင် အခန်းထဲကို လှမ်းကြည့်မိ၏
ဟုတ်တော့လည်း ဟုတ်သည်...။
အမြဲတမ်း တည်တင်းနေတဲ့ မျက်နှာက ဒီနေ့မှ ထူးထူးခြားခြား ကြည်ကြည်လင်လင်ရယ်..
ESTÁS LEYENDO
Secretary KIM (completed)
Fanfictionဝမ်တစ်သောင်းတန်ကနေ စတင်ခဲ့သည့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်
