#Unicode
ရောက်ရောက်ချင်းပင် ကမ်းခြေမှာ နေရာယူကာ စတင်အလုပ်လုပ်ဖို့ ပြင်နေကြသည့် ရိုက်ကူးရေးသမားတွေနဲ့ မော်ဒယ်လ်တွေ..
ဂျွန်ဂျောင်ဂု နဲ့ ထယ်ယောင်းအပြင် အမလီလီတို့လည်း ရိုက်ကူးရေးနားမှာ ရှိနေသည်။သို့သော် Outdoor ရိုက်ကူးရေးမို့ company မှာလို ဝတ်စုံပြည့်ဝတ်မထားကြ။
ကမ်းခြေမှာမို့ free စတိုင်လ်တွေလွတ်လပ်စွာ ဝတ်ဆင်ထားကြသည်။အရှေ့က မော်ဒယ်လ်တွေ ရိုက်ကူးရေးလုပ်နေတာကို ထယ်ယောင်းက စိတ်ဝင်တစားကြည့်နေပေမယ့်လည်း ဂျောင်ဂုရဲ့ အာရုံတွေကတော့ ထိုသို့မဟုတ်..။
သူ့ဘေးမှာရပ်နေသည့် ထယ်ယောင်းထံကိုသာ မကြာခန ရောက်နေမိသည်။ဘောင်းဘီတိုလေး နဲ့ အပြာရောင်လိုင်းစင်းတွေပါသော ရှပ်အင်္ကျီအဖြူလေးကို ဝတ်ထားကာ မြက်ဦးထုပ်အဝိုင်းလေးကို ဆောင်းထား၏
လည်ပင်းမှာ ပုဝါတစ်ခုကို ပတ်၍အရှည်ချထားတာကြောင့် လေတိုက်လိုက်တိုင်းမှာ ထိုပဝါအနားစဟာ တလွင့်လွင့်နဲ့ရယ်...
အခု ထယ်ယောင်းပုံစံက နဂိုရှိရင်းစွဲ အသက်ထက် ပိုပြီးငယ်သွားသလိုထင်ရသည်။
ပြီးတော့ ခြေသလုံးဖြူသွယ်သွယ်လေးပေါ်နေတာက ဂျောင်ဂုစိတ်ကို အူတိုစေသည်။
မကြာခနဆိုသလို ထယ်ယောင်းကို လှည့်ကြည့်နေကြသော ရိုက်ကူးရေးဝန်ထမ်းတစ်ချို့ရဲ့ မျက်လုံးတွေကို သူထိုးဖောက်ပစ်ချင်သည်။ဂျောင်ဂုကတော့ တီရှပ်အဖြူနဲ့ဘောင်းဘီအဖြူပွပွကိုသာ ဝတ်ထားတာမို့ အဖြူရောင်နဲ့လိုက်ဖက်စွာ သန့်ပြန့်လို့နေသည်။
"အသာကြည့်ပါ ငါ့ကောင်ရယ်...ထယ်ယောင်းက နင့်ဘေးမှာ နီးနီးလေး ရှိနေတာပါ..."
YOU ARE READING
Secretary KIM (completed)
Fanfictionဝမ်တစ်သောင်းတန်ကနေ စတင်ခဲ့သည့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်