#Unicode
"ထယ်ယောင်းလေး အိပ်သွားပြိီလား.."အခန်းထဲဝင်လာသော အဖွားကြောင့် ဂျောင်ဂုထိုင်ခုံမှထကာ မတ်တပ်ရပ်၍ ပြန်ဖြေမိသည်။
"ဟုတ်ကဲ့ အဖွား...အခုပဲ အိပ်ပျော်သွားတာပါ.."
"ဆန်ပြုတ်ရော ကုန်အောင် စားရဲ့လား..?"
"ဟုတ်ကဲ့ အဖွား...တစ်ဝက်တိတိဝင်အောင်တော့ ကျွေးလိုက်နိုင်ပါတယ်.."
"အေးကွယ်...ဒီခလေးက သိပ်ခေါင်းမာတာ..အရှေ့ရက်တွေမှာ သိပ်လည်း မစားပဲ တစ်နေကုန် အခန်းအောင်းနေတာ.."
အဖွားက ရေရွတ်ပြောဆိုနေရင်းကနေ သူ့အင်္ကျီစကို ဆွဲထားသော ထယ်ယောင်းရဲ့ လက်သီးဆုပ်လေးကို မြင်တော့ ဖွဖွပြုံးသည်။
"အာရီးဂူးးးးးဒီအကျင့်လေးက မပျောက်သေးဘူးပဲကိုး...ထိုင်နေ ထိုင်နေ ကောင်လေး...မဟုတ်ရင် ထယ်ယောင်း နိုးသွားလိမ့်မယ်..."
အဖွားက ပြန်ထိုင်ခိုင်းနေသော်လည်း ဂျောင်ဂုက မရိုသေရာကျမှာကြောင့် မထိုင်ဖြစ်။
လက်သီးဆုပ်လေးကို ဖြေဖို့လုပ်တော့လည်း မရ..
လက်ချောင်းလေးကို ဖြုတ်ဖို့လုပ်တာနဲ့ တင်းနေအောင် ပြန်ဆွဲထားသည်။
လူက အိပ်ပျော်နေပေမယ့်လည်း မသိစိတ်က ဆွဲထားနေတာ.."ထိုင်လိုက်ပါ...အဖွားက ထယ်ယောင်းဘေးနား ထိုင်လိုက်မယ်...ဒီခလေးက အဲ့လိုပဲ...ငယ်ငယ်က အဖွားနဲ့အိပ်တိုင်း အင်္ကျီစကို အမြဲဆွဲထားပြီး အိပ်တာ...လူကသာ အရွယ်ရောက်လာတာ ငယ်ငယ်ကအကျင့်လေးတွေက မပျောက်သေးဘူးပဲ.."
ထယ်ယောင်း ဆံပင်တွေကို ဖွဖွသပ်ပေးရင်း အဖွားက ကြင်နာစွာဖြင့် ပြောနေသည်။
အဖွားကိုကြည့်ရုံနဲ့ ထယ်ယောင်းကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာကို ဂျောင်ဂု ခန့်မှန်းလို့ရသည်။
အဖွားကလည်း ထယ်ယောင်းလိုပဲ စိတ်သဘောထားကောင်းမယိ့သူပင်...
အဖွားပုံစံက လူကြိီးဆိုပေမယ့်လည်း သွက်လက်ဖျတ်လတ်နေတုန်းပဲ။"ထယ်ယောင်းက သနားဖို့ကောင်းတယ်...ငယ်ငယ်လေးနဲ့အဖေဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ ဖတဆိုးလေးမို့ ဆွေမျိုးတွေ အားလုံးကအလိုလိုက်ထားကြတာ...ဒါကြောင့် တစ်ခါတစ်လေ သူလုပ်ချင်တာ မလုပ်ရရင်လည်း ခေါင်းမာတက်တယ်....ဒါပေမယ့် လိမ်မာတဲ့ ခလေးပါ.."

ESTÁS LEYENDO
Secretary KIM (completed)
Fanficဝမ်တစ်သောင်းတန်ကနေ စတင်ခဲ့သည့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်