အခန်း (၇)

20K 2.3K 602
                                    

#Unicode

"EUPHORIA Wedding Show..."

အနီရောင်ကောဇောနဲ့ နှင်းဆီဖြူဖြူတွေက  တကယ့်မင်္ဂလာ Stage စင်အတိုင်း ခန့်ငြားလှပစွာဖြင့် တည်ရှိနေသည်။
ဖိတ်ကြားထားတဲ့ ဧည့်သည်တွေလည်း စုံလင်စွာရောက်ရှိနေပြီမို့ မကြာခင် အခမ်းအနားစတော့မည်။

ထိုအချိန်စင်နောက်မှာ ယောက်ယတ်ခတ်နေသူက ထယ်ယောင်း...
Wedding Show မို့ အမျိုးသားမော်ဒ
ယ်လ်တွေပါ ကြိုတင်ချိန်းထားခဲ့ပေမယ့် လီအွန်းဟယ်နဲ့တွဲရမည့် မော်ဒယ်လ်က ရောက်မလာသေးတာကြောင့်ပင်...

ပွဲကလည်း ခနနေစတော့မှာမို့ ထယ်ယောင်းမှာ ဗျာများနေရသည်။

"ထယ်ယောင်း အားလုံး အဆင်သင့်ဖြစ်နေပြီလား..?"

"ဟို..ဟိုလေ ဒုဥက္ကဌ အမျိုးသား မော်ဒယ်လ်တစ်ယောက် ရောက်မလာသေးဘူး..."

"မင်းကို ငါ ဟိုရက်တွေတည်းက Mail ပို့ခိုင်းထားတယ် မလား..?"

"ပို့ထားပါတယ်...ကျွန်တော် သေချာပြောထားပါတယ်..."

"အခု ဖုန်းဆက်ကြည့်.."

ထယ်ယောင်း ဖုန်းခေါ်တော့လည်း တစ်ဖက်ကမကိုင်...

"ဖုန်းမကိုင်ဘူး..!"

"မင်း သူ့ဆီကို ပို့ထားတဲ့ Mail ပြစမ်း.."

"ဒီမှာပါ ဒုဥက္ကဌ.."

ထယ်ယောင်းပြလာသည့် Mail ကိုစစ်လိုက်တော့မှ ဂျောင်ဂု သေချင်စော်နံသွားသည်။
ဒေါသပါထွက်လာရပြီး...

"ဟိုကလာမလား..!မင်း ပို့ထားတဲ့ Mail ကိုလည်း သေချာပြန်ကြည့်အုန်းလေ..!"

ထယ်ယောင်း အူလည်လည်ဖြင့် ကြည့်လိုက်တော့ ရက်စွဲနေရာကအမှားကြိီး...
26 ရက်နေ့အစား 29 ကို မှားရေးထားတာ...
တစ်ဖက်က မော်ဒယ်လ်က နာမည်ကြီးမို့ တော်ရုံချိန်းလို့မရဘူးလေ...
ကိုယ့်ဘက်က စာချုပ်ချုပ်ထားတဲ့အမျိုးသားမော်ဒယ်လ်မို့ အချိန်မှီမရောက်ရင် တစ်ခြားလုပ်ငန်းစုက လူကြီးတွေရှေ့ ဂျောင်ဂု မျက်နှာပျက်စရာတွေ ဖြစ်တော့မှာ...

"ကျွန်တော် နေ့စွဲကို သေချာရေးလိုက်တာပါ.."

"ချီးပဲ!!!! ပွဲစခါနီးမှ သောက်ပြဿနာ လာတက်နေတယ်...အလုပ်နဲ့ပက်သက်ရင် မတိကျတာကို ငါအမုန်းဆုံးနော် ကင်မ်ထယ်ယောင်း..!အခု မင်းဘယ်လို တာဝန်ယူမလဲ..?"

Secretary KIM (completed)Where stories live. Discover now