#Unicode
သုံးလကြာပြိီးနောက် ကျင်းပခဲ့သော ထယ်ယောင်းနဲ့ဂျောင်ဂုတို့ရဲ့ မင်္ဂလာပွဲနေ့.......။
အဓိပ္ပါယ်အပြည့်ရှိသော မင်္ဂလာရက်မြတ်နေ့ ဖြစ်တာနဲ့အညီ ရာသီဥတုကလည်း သာယာနေတာကြောင့် ကောင်းကင်ကြီးသည် တိမ်တွေကင်းစင်ကာ ပြာလဲ့လို့နေ၏
ထိုကောင်းကင်ပြာကြီးနဲ့အတူတူ လွန်စွာ လှပနေသော မင်္ဂလာအခမ်းနားဟာလည်း လျှောက်လမ်းတွေနဲ့ထိုင်ခုံကစလို့အလှဆင်သည့် ပန်းတွေကိုပါ အဖြူရောင်သီးသန့်သုံးထားတာမို့ ရှင်းသန့်စွာဖြင့် လှပလို့နေ၏

ယောင်္ကျားလေးနှစ်ယောက်ရဲ့ မင်္ဂလာဆောင်မို့ ရိုးရိုးရှင်းရှင်းသာ လုပ်ဖို့ နှစ်ဦးသဘောတူ ပြောထားသော်လည်း ဂျောင်ဂု၏အဖေကတော့ သူပိုင်သော ခြံတစ်ခုမှာပင် သီးသန့်ပြင်ဆင်ပေးထားခြင်းပင်....။"Jeon Jungkook & Kim Taehyung."
ဟု ရွှေရောင်စာလုံးတွေဖြင့် ရေးထားသော ဆိုင်းဘုတ်ဟာလည်း မင်္ဂလာစင်မြင့်ရဲ့ နောက်ခံအဖြစ် လှလှပပ နေရာယူထားလေသည်။ဒီနေ့ရဲ့ အဓိက ဇာတ်ဆောင် မင်္ဂလာသတို့သားလေး ကင်မ်ထယ်ယောင်းကတော့ အဝတ်လဲသည့် အခန်းမှာ စိတ်လှုပ်ရှားစွာဖြင့် ပြင်ဆင်နေမိသည်။
"ရင်ခုန်နေတာလား ထယ်ယောင်းလေး "
အမလီလီက သူ့ကို မိတ်ကပ်ပြင်ပေးရင်း မေးလာတော့ ထယ်ယောင်းမှာ ခေါင်းအသာငြိမ့်ပြမိသည်။
"ရင်ခုန်တာထက် စိတ်လှုပ်ရှားလွန်းလို့ နှလုံးတစ်ခုလုံး အပြင်ကို ပေါက်ထွက်တော့မလိုပဲ.."
ရင်ဘတ်လေးကို အသာဖိကာဖြင့် ပြောနေသည့် ကောင်လေးဟာ တကယ့်ကို နတ်သက်ကြွေလာသည့်နှယ် လှပလွန်းပါသည်။
"အဆင်ပြေသွားမှာပါ ထယ်ယောင်းရဲ့...ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်ရတာဆိုတော့ အများကြီး စိတ်လှုပ်ရှားတာ သဘာဝပဲ.."
"ဟုတ်ကဲ့ အမလီလီ.."
"ထယ်ယောင်းလေးက လှလိုက်တာ.."
"ဗျာ....မဟုတ်ရပါဘူး.."
"ဘာလို့ မဟုတ်ရမှာလဲ...အမက အမှန်ပဲ ပြောတာ....နတ်သားလေးလိုပဲ.."

VOCÊ ESTÁ LENDO
Secretary KIM (completed)
Fanficဝမ်တစ်သောင်းတန်ကနေ စတင်ခဲ့သည့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်