#Unicode
မျက်လုံးကို ထိုးနေသောနေရောင်စူးစူးကြောင့် ထယ်ယောင်း နိုးလာခဲ့သည်။
ညောင်းညာနေသော ခန္ဓာကိုယ်ကြောင့် စောင်တွေနဲ့လုံးထွေးပြီး အကြောဆန့်ရင်း ခုတင်ပေါ် ဘယ်ညာလှိမ့်နေခိုက် ထိုင်ခုံပေါ်ကနေ ပြုံးပြုံးကြီး ထိုင်ကြည့်နေသော ကိုကြီးကျယ်ကြောင့် ထယ်ယောင်း လန့်သွားရသည်။"နိုးလာပြီလား.."
ပုံမှန်ထက် ချိုသာနေသော အသံကြောင့် ထယ်ယောင်း ဇဝေဇဝါပင်ဖြစ်သွားရသည်။
ဘာလားးးးဒီလူ စောစောစီးစီး ကျပ်မပြည့်တာလား..?ထို့နောက် ခုတင်ပေါ်က ထထိုင်လိုက်တော့ လျှောကျသွားသည့် စောင်ကြောင့် အပေါ်ပိုင်းမှာ အေးခနဲ ဖြစ်သွားရသည်။
သေချာ ငုံ့ကြည့်မိတော့ ညကသူဝတ်ထားသည့် အင်္ကျီရှိမနေပါ။
ဘုရားရေ...ဘာတွေဖြစ်ကုန်တာ...!!
အောက်ပိုင်းကို ကြည့်မိတော့ဘောင်းဘီရှိနေသေးပေမယ့်လည်း ဘာတွေဖြစ်ကုန်တာလဲ..?အလျင်အမြန်ပင် စောင်တွေကောက်ပတ်ကာ ထယ်ယောင်းမှာ စဥ်းစားခန်းဖွင့်ရတော့သည်။
ဘာတွေလဲလို့.????ညက ဘာဖြစ်ကုန်တာလဲ..???သူ့ရှေ့က ကိုကြီးကျယ်ကရော ဘာကိစ္စ ပြုံးစိစိဖြစ်နေတာလဲ..?
မဟုတ်မှလွဲ....ဒင်းးးးဒင်းးးက
အဆုံးစွန်ထိ တွေးချလိုက်သော ထယ်ယောင်းရယ်..."အီးးးးးးးဟီးးးးးးလူယုတ်မာ...ခင်ဗျားကို မကျေနပ်ဘူး....အယုတ်တမာကြီးးး!!"
သူ့ဆီိကို ခေါင်းအုံးတွေနဲ့ပစ်ပေါက်ကာ ရုတ်တရက်ကြီး အော်ငိုလိုက်သော ထယ်ယောင်းကြောင့် ဝဲပျံလာသော ခေါင်းအုံးတွေကို ဂျောင်ဂုမှာ ရှောင်ရှားရတော့သည်။
"ဟေ့...ဟေ့ ဘာတွေ လျှောက်ပြောနေတာလဲ...."
ခုတင်အနားကို လျှောက်သွားတော့ ခုတင်ထောင့်ဆုံးကို တိုးကပ်သွားလေသည့် ထယ်ယောင်း..
ပါးစပ်ကလည်း ပြောနေသေး.."ရှေ့တိုးမလာနဲ့နော် ကျွန်တော် ကန်ပစ်မှာ...အီးးးဟီးးးးအမေရေ အမေ့သားတော့ ရေတိမ်နစ်ပါပြီ.."
အာ ဒီကောင်လေး ဘာတွေ ပြောပြီး အော်ငိုနေတာလဲ..
မသိရင် ဒီကောင်ကပဲ နှာဘူးလိုလိုနဲ့..
![](https://img.wattpad.com/cover/274072683-288-k12042.jpg)
YOU ARE READING
Secretary KIM (completed)
Fanfictionဝမ်တစ်သောင်းတန်ကနေ စတင်ခဲ့သည့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်