Unicode
Wonwooတစ်ယောက် မျက်မှန်လေးကိုပင့်တင့်ရင်း သူသဘောကျရသော ဝတ္ထုစာအုပ်လေးတစ်အုပ်ကို ဖတ်နေသည်။ ထိုအချိန်မှာပင်
ring~~ ring~~ring~~
ဖုန်းထမြည်လာသောကြောင့် ဖတ်လက်စစာအုပ်လေးအားချရင်း contact nameကိုကြည့်မိတော့"Mingho🐸~~"
နာမည်လေးကို ကြည့်ရင်းပြုံးမိသည်။ သူ့ကိုအရမ်းခင်ပြီးတွယ်ကပ်လွန်းသော ကောင်လေး။"အင်း မြောင်ဟိုရား"
"hyung ဘာလုပ်နေတာလဲ"
တက်တက်ကြွကြွနဲ့မေးပုံအရ ဒီကောင်လေးမနက်ဖြန်အတွက် စိတ်လှုပ်ရှားနေတာသေချာသလောက်ရှိသည်။"Hyung စာဖတ်နေတာ ဘာလို့လဲ"
"Hyungကလည်း အမြဲစာဖတ်နေတာပဲ ဒါကြောင့် တစ်ကျောင်းလုံး အထူးချွန်ဆုံးဆုကိုသိမ်းပိုက်ထားတာမလား ဘာလဲ ဟိုမာနတစ်ခွဲသားအဖွဲ့ထဲက ပြိုင်ဘက်တွေ့လို့လား။"
မေးခွန်းကြောင့် သူရယ်ရခက် ငိုရခက် ။
တကယ်ဆို မြောင်ဟိုကမနက်ဖြန်မှကျောင်းစတက်ရမှာကို ကျောင်းအတွင်းရေးတွေအကုန်သိနေတဲ့ပုံစံဖြစ်သည်။Wonwoo သက်ပြင်းမသိမသာချလိုက်မိသည်။
Minghaoတင်မဟုတ် တစ်ခြားကလေးတွေပါ နာမည်ကြီးကျောင်းရဲ့ အပြိုင်အဆိုင်အဖွဲ့အစည်းနှစ်ခုအကြောင်းကို သိနေသည်။"မဟုတ်ပါဘူး မြောင်ဟိုရဲ့ ဒီအတိုင်း ဝတ္ထုတစ်အုပ်ပါပဲ"
"မသိပါဘူး ဒါဆို Wonwooဟျောင်း~ မနက်ဖြန်ဘယ်အချိန်လာရမလဲဟင် ဟျောင်းကောရှိနေမှာလား"
"အင်းhyungကော jeonghan hyungကောစောစောကြိုရောက်နှင့်မှာ
နေပါအုံး တကယ်အကိုတို့flower boysအဖွဲ့ထဲဝင်မှာသေချာလို့လား welcomeပွဲမှ စိတ်ကြိုက်မရွေးတော့ဘူးလား"" ဟျောင်း! ကျွန်တော်ကြိုပြောထားတယ်လေ ဟျောင်းတို့အဖွဲ့မှာထည့်ပေးလို့ တစ်ခြားအဖွဲ့တွေကပုံမလာဘူး"
"ဟုတ်ပါပြီကွာ ဒါနဲ့ မင်းရဲ့ဂျွန်ကော"
ဝမ်ဝူးဟျောင်း ပြောလိုက်တဲ့ မင်းရဲ့ဂျွန်ဆိုတဲ့စကားမှာ နှလုံးသားကအလိုက်မသိ ခုန်လာတယ်။ ဒါပေမဲ့ ကျွန်တော်တို့က သူငယ်ချင်းအရင်းတွေလေ ဘယ်လိုလုပ် ဒီရင်ဘက်ထဲကတစ်မျိုးကြီးဖြစ်လာတာပါလိမ့်။

YOU ARE READING
Cherished Possession [Completed]
Romanceကျွန်တော်ကလွဲပြီး အကိုကို့ ဘယ်သူမှ ချစ်ခွင့်မရှိဘူး.... ဘယ်သူ့မှ ပိုင်ဆိုင်ခွင့်မရှိဘူး.... ဘယ်သူမှ ထိခွင့်မရှိဘူး.... ကျွန်တော် အတ္တကြီးတာကိုလည်း ခွင့်လွှတ်ပေးဖို့ မတောင်းဆိုချင်ဘူး.....