လွန်ခဲ့သော နှစ်ရက်က....
"သား Cheolလေး ရောက်လာပြီလား ထိုင်ထိုင်"
အိမ်တော်ထဲကိုဝင်လာတော့ လှမ်းခေါ်လိုက်တဲ့ အဖေ့မျက်နှာက ပြုံးရွှင်လို့နေသည်။
ခါတိုင်းလည်း အမြဲပြုံးနေတတ်တဲ့ အဖေ့အပြုံးဟာ အခုတော့အရင်ကထက်ပိုတောက်ပနေသလို..."ဘာဖြစ်လို့လဲ အဖေ..ဒါနဲ့အမေကော"
"မင်းအမေက မင်းကိုစောင့်နေရင်း ခေါင်းနည်းနည်းမူးလာလို့တဲ့ ဒါကြောင့် ခဏအနားယူဖို့ပြောလိုက်တာ"
ပြီးတော့မှပဲ သွားတွေ့တော့မည်ဟု တွေးလိုက်ကာ အဖေ့ကိုကြည့်လိုက်တော့ လက်ထဲကိုစာအိတ်လေးတစ်အိတ်ထိုးပေးလာသည်။
"ဒါက.."
စာအိတ်ကိုဖွင့်နေရင်းနဲ့မှ နားမလည်သလိုအကြည့်နှင့်ကြည့်လိုက်တဲ့သူ့ကို ပြုံးကြည့်ကာ. ပြောလိုက်တဲ့ စကားကြောင့် Seungcheolရင်ဘက်ထဲ တင်းကျပ်လာရသည်။
မင်းကိုအဖေတို့ တစ်ယောက်နဲ့စေ့စပ်လမ်းကြောင်းပေးတော့မယ် Cheol..
ပြီးတော့ ထွက်ပေါ်လာတဲ့ ဓာတ်ပုံလေးထက် မစိမ်းသောမျက်နှာပိုင်ရှင်လေးကနေရာယူထားသည်။
စာအုပ်လေးဖတ်နေတဲ့ ကောင်လေးရဲ့ဘေးတစ်စောင်းပုံရိပ်လေး..အဖေဖြစ်သူဆီမှ ကြားလိုက်ရတဲ့စကားက ရင်ကိုတင်းကျပ်စေသလို...ဓာတ်ပုံပိုင်ရှင်ကို မြင်လိုက်တဲ့အချိန် နှလုံးသားကို သံပူရည်ဖြင့် တိုက်စားလိုက်သလို...မဖြစ်နိုင်ဘူး ဆိုတဲ့စကားကိုသာ Seungcheolခပ်တိုးတိုးရေရွတ်မိသည်။
"ကောင်လေးက ချစ်စရာလေးမလား...အကျင့်လေးလည်းကောင်းတယ်...သူကအဖေ့တို့မိတ်ဆွေ ဥက္ကဌJeonရဲ့သားလေ..ကျောင်းအတူတူပဲဆို"
"..."
"ဘယ်လိုလဲ သဘောကျတယ်မလား"
"မဟုတ်ဘူး အဖေ သားသဘောမတူဘူး...ပြီးတော့ ဒီလိုဘာကြောင့်ရုတ်တရက် ထစီစဥ်ရတာလဲ..အရင်က ကျွန်တော့်သဘောကျရွေးချယ်ခွင့်ရှိတယ်ဆို"
"အဖေ ပြောပြမယ်။ ဥက္ကဌKimကိုယ်တိုင် အဖေ့တို့ကို ကြားထဲကဆက်သွယ်ပေးခဲ့တာ...ပြီးတော့ သူကရှယ်ယာအရင်းအနှီး 50% ထုတ်ပေးခဲ့တယ်..ဂုဏ်ပြုတဲ့သဘောတဲ့"
STAI LEGGENDO
Cherished Possession [Completed]
Storie d'amoreကျွန်တော်ကလွဲပြီး အကိုကို့ ဘယ်သူမှ ချစ်ခွင့်မရှိဘူး.... ဘယ်သူ့မှ ပိုင်ဆိုင်ခွင့်မရှိဘူး.... ဘယ်သူမှ ထိခွင့်မရှိဘူး.... ကျွန်တော် အတ္တကြီးတာကိုလည်း ခွင့်လွှတ်ပေးဖို့ မတောင်းဆိုချင်ဘူး.....