Part {2}

2.6K 304 12
                                        

Unicode

wonwoo တစ်ယောက် နေရာမှာတင် မျက်ဝန်းလေးများပြူးကျယ်လျက် ​ကြောင်တောင်တောင်လေးသာ ရပ်နေမိတယ်။

" Mingyu သွားရအောင် "

Black Prince အဖွဲ့ခေါင်းဆောင်အသံကြားမှ wonwoo ရုတ်တရက်သတိဝင်လာကာ မပြေးရုံတမယ် အဲ့ဒီကောင်လေးနားမှ ​ခပ်မြန်မြန်ထွက်လာခဲ့သည်။

လူအုပ်ထဲကအထွက် မနီးမဝေးရောက်ခါမှ ဘေးမှာပါလာတဲ့ jeonghan hyungက

" အဖိုး ဘယ်နားထိခိုက်မိသွားသေးလဲ ကျောင်းဆေးခန်းခေါ်သွားပေးရမလား"

အဖိုးက ခေါင်းအသာရမ်းပြပြီး
"ရပါတယ် လူလေးရယ် အဖိုးကို ခုလိုကူညီပေးတာကိုပဲ ကျေးဇူးတင်ပါတယ်ကွယ် အဖိုးသွားလိုက်အုံးမယ်နော်" ဟုဆိုကာ ပစ္စည်းတွေ မနိုင်တနိုင့်နဲ့ သယ်သွားလေရဲ့။

wonwooက အဖိုးနဲ့ jeonghan hyung အပြန်အလှန်​ပြောနေကြတာကို သိပေမဲ့  ခုနက ​ကောင်လေးပြောခဲ့တဲ့စကားကိုသာ နားထဲကြားယောင်နေတယ်။

"ကိုယ်ရဲ့သားကောင်"တဲ့ လား။

"wonwooရားး"
ပုခုံးကို ပုတ်လိုက်တဲ့အထိအတွေ့နဲ့အတူတူ အတွေးအိမ်ထဲမှ လွတ်မြောက်နိုင်ခဲ့သည်။

" အင် hyung ဘာဖြစ်လို့လဲဟင်"

"နေမကောင်းဘူးလား ဘာလို့လဲ ပြီးတော့ ခုနက ဟိုကျောင်းသား တစ်ခုခုပြောလိုက်တာလား"

ဟိုကောင်လေးက သူနားနားကပ်ကာပြောလိုက်တာမို့ jeonghan hyungမကြားလိုက်တာထင်တယ်။
ဒီကိစ္စကမကြီးပါဘူး ဟိုကောင်လေးကလည်း စနေတာပဲနေမှာပါ ဆိုပြီးပဲ wonwooတွေးလိုက်ကာ

"မဟုတ်ပါဘူး hyung ဒီတိုင်းပါပဲ"

"အော် အင်း အဲ့ဆိုလည်း အစည်းအဝေးသွားရအောင်လေ အဖွဲ့အစည်းအကြီးအကဲတွေ တွေ့ဆုံပွဲရှိတယ်"

"ဟုတ် hyung သွားမယ်လေ"

***********************************
Mingyuလည်း ထွက်ပြေးသွားသော ကောင်လေးကိုကြည့်ကာ ပြုံးလိုက်မိသည်။
ပြီးတော့ seungcheol hyung နောက်ကို လိုက်သွားလိုက်သည်။

"Mingyu ဒါ မင်းအခန်းဘဲ
လိုတာရှိရင် အဆင်ပြေအောင် ငါ့ဘေးအခန်းမှာဘဲ ထားလိုက်တယ်"

Cherished Possession [Completed]Where stories live. Discover now