Description

17.2K 979 8
                                    

Zawgyi

"အမေ ကျွန်တော်တကယ်စစ်သူကြီးချုပ်ကို လက်ထပ်ရမှာလား?"

"ရှင်းချန် အာ... အရှင်မင်းမြတ်ရဲ့အမိန့်ပြန်တမ်းကို ငြင်းလို့မရဘူး။ အာ... အမေ့မှာလည်းရွေးချယ်စရာမရှိပဲ့ လက်ခံလိုက်ရတယ်။ အဲ့ဒါကြောင့် ဒီလက်ထပ်ပွဲကို ဆက်လုပ်ရုံပဲ့တတ်နိုင်တယ်။"

"ဒါပေမယ့် အမေ ကျွန်တော်က မိန်းမအဝတ်အစားဝတ်ထားတဲ့ ယောက်ျားတစ်ယောက်လေ။ ဘယ်လိုလုပ်ပြီး လက်ထပ်လို့ရမှာလဲ? တကယ်လို့ စစ်သူကြီးချုပ်သာရှာတွေ့သွားရင် ကျွန်တော်တို့စုမိသားစုက သေမိန့်မချခံထိနိုင်ဘူးလား?"

"တကယ်လို့မင်းမွေးနေ့ကသာ ကံမကောင်းတဲ့နေ့မဟုတ်ခဲ့ရင် ငါတို့လည်းပဲ့ ဖြေရှင်းနည်းအဖြစ် ဒါကိုဆန့်ကျင်ဖို့ မင်းရဲ့ဖြစ်တည်မှုကို ဒီဆယ့်ခြောက်နှစ်လုံးလုံး ဖုံးကွယ်ထားမှာမဟုတ်ဘူး။ ဒါပေမယ့် ရှင်းချန် အာ တကယ်လို့ မင်းဒီလက်ထပ်ပွဲကိုငြင်းလိုက်မယ်ဆိုရင် ငါတို့အမှန်တကယ်သေရလိမ့်မယ်။ အာ..."

"ဒါပေမယ့်..."

"မင်းရဲ့အစ်မကြီးကိုစဉ်းစားကြည့်။ သူကအရင်နှစ်ကမှ အိမ်ရှေ့စံမင်းသမီးအဖြစ် အိမ်ရှေ့စံမင်းသားနှင့်လက်ထပ်ခဲ့တာ။ အခုသူကိုယ်ဝန်​ဆောင်ထားတာ နှစ်လပဲ့ရှိသေးတယ်။ မင်းကသူ့ကိုကလေးနှင့်အတူ သေစေချင်လို့လား? မင်းအစ်ကိုကြီးကရော? သူကအိမ်နီးချင်းနိုင်ငံကို သံတမန်အဖြစ်သွားနေတာ။ ဒီလအတောအတွင်းမှာ ပြန်လာနိုင်မှာတောင် မဟုတ်သေးဘူး။ ပြီးတော့ မင်းအဖွားနှင့်ငါကရော ဘယ်လိုလုပ်မလဲ? ငါတို့တွေကမိန်းမတွေဖြစ်ပေမယ့် ကျင်တိုင်းပြည်ရဲ့စစ်တပ်အင်အားလေးပုံတစ်ပုံကို ငါတို့ကဆုပ်ကိုင်ထားတာ။ ငါတို့စုမိသားစုရဲ့ ထောင်ပေါင်းများစွာသော အသက်တွေက ငါတို့လက်ထဲမှာရှိနေတာ။ ဒီလက်ထပ်ပွဲလေးအတွက်နှင့် မင်းငါတို့အားလုံးကို သေစေချင်နေတာလား?"

"..."

"ကျွန်တော်သိပြီ။ ကျွန်တော်လက်ထပ်ပါ့မယ်။ အဲ့ဆို အရာအားလုံးအဆင်ပြေသွားလိမ့်မယ်။ ဟုတ်တယ်မလား?"

"ဟုတ်တယ်။ ရှင်းချန် အာ... အရာအားလုံးအဆင်ပြေသွားလိမ့်မယ်။ ဒါ့အပြင် အရှင်မင်းမြတ်က ငယ်ရွယ်တဲ့စစ်သူကြီးချုပ်ကို ဇနီးတစ်ယောက်ကို လက်ထပ်စေချင်တာလောက်ပဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူကမြောက်ဘက်နယ်စပ်ကို ရှီဝုလူမျိုးစုကို သိမ်းပိုက်ဖို့သွားရမှာ။ သူကဒီနှစ်မှာမှ နှစ်ဆယ့်သုံးနှစ်ပဲ့ရှိသေးတယ်။ ဖြစ်ကောင်းဖြစ်နိုင်တာက သူကဒါပြီးရင် နှစ်အနည်းငယ်အတွင်းမှာ ပြန်လာလိမ့်အုံးမှာမဟုတ်ဘူး။ မင်းလက်ထပ်ပြီးရင် သူ့ကိုသုံးပတ်လောက်ပဲ့ ရှောင်စရာလိုလိမ့်မယ်။"

TG'sBBLW [BL Completed] [Myanmar Translation]Where stories live. Discover now