Zawgyi
"ဆောင်းဦးလေက လတ်ဆတ်တယ်။
ဆောင်းဦးလရောင်က တောက်ပတယ်။
ရွက်ကြွေဝါတွေကလည်း စုစည်းလိုက်ပြန့်ကျဲလိုက်နဲ့။
ကျီးငှက်လေးလည်း အိပ်တန်းတက်ပြီး
အသစ်တစ်ဖန် စတင်ရပြန်ပြီ။
ကျွန်မရှင့်အကြောင်းကို မကြာခဏတွေးနေမိတယ်။
ကျွန်မတို့နောက်တစ်ကြိမ် ဘယ်အချိန်မှများ ပြန်ဆုံကြမလဲ? ဒီအချိန် ဒီည ကျွန်မရဲ့ခံစားချက်တွေဟာ စိတ်ကူးယဉ်ကြည့်ဖို့ရာ ခက်ခဲလွန်းတယ်။"ညရဲ့အမှောင်ထုကို စိုက်ကြည့်နေရင်း ကဗျာတစ်ပုဒ်ကို ရွတ်ဆိုနေတဲ့ ပန်းရောင်အဝတ်အစားကို ဝတ်ဆင်ထားတဲ့ မိန်းမပျိုငယ်လေးတစ်ယောက်ရဲ့ ဘေးပတ်လည်မှာ စိတ်ညှိုးငယ်တဲ့လေထုတွေ ဖုံးအုပ်နေတယ်။ အပေါ်မှာ တောက်ပနေတဲ့ လပြည့်ဝိုင်းရဲ့ အလင်းရောင်တစ်ခုတည်းကိုသာ မြင်နိုင်တယ်။ အရပ်ရှည်ပြီးခန့်ညားတဲ့ ယောက်ျားတစ်ယောက်က သူမဘေးကိုလျှောက်လာပြီး
အနီရောင်မြေခွေးအမွေးနဲ့ပြုလုပ်ထားတဲ့
အမွေးထူပြီးနွေးထွေးနူးညံ့တဲ့ အပေါ်ရုံခြုံလွှာကို သူမပုခုံးပေါ် တင်ပေးလိုက်တယ်။ သူမပြုံးပြလိုက်ပေမဲ့ သူမရဲ့မျက်လုံးတွေထဲမှာ ရောင်ပြန်ဟပ်နေတဲ့ ဝမ်းနည်းမှုအရိပ်အယောင်က မြင်ရသူတိုင်းကို သူမအတွက် သူတို့ရဲ့နှလုံးသားကိုလိမ်ဖဲ့လိုက်သလို ခံစားရစေမှာဖြစ်တယ်။"ညီမလေး အဲ့ဒီစစ်သူကြီးဟန်ကို စဉ်းစားနေတုန်းပဲလား?"
"En အကိုကြီး အကိုကြီးဘက်မှာရော ဘာသတင်းမှ
မကြားရသေးဘူးလား?"အန်ဇီကျူ ခေါင်းခါပြလိုက်တယ်။ ဒီလူနှစ်ယောက်ကအတိအကျကိုပဲ အန်ဇီကျူနဲ့အန်ဇီလင်းတို့ အန်မောင်နှမနှစ်ယောက်ဖြစ်ပါတယ်။
"ဒီလူက လေလိုမျိုးလာပြီး လေလိုမျိုးပဲပျောက်သွားတယ်။ နောက်ဆုံးအကြိမ် သူစစ်မြေပြင်ပေါ်မှာ ပေါ်လာခဲ့တဲ့အချိန်က အဓိကစစ်သူကြီးဖြစ်တဲ့ စစ်သူကြီးကျဲနဲ့အတူ လီတိုင်းပြည်ကို တိုက်ခိုက်တဲ့အချိန် လွန်ခဲ့တဲ့သုံးနှစ်တုန်းကပဲ။ အဲ့ဒါပြီးတဲ့နောက် သူတစ်ကြိမ်မှ ထပ်မပေါ်လာတော့ဘူး။"
"ညီမသိပြီ..."
"မင်းသူနဲ့ ပထမဆုံးဆုံတဲ့ အဲ့နှစ်တုန်းက သူကအမည်မဖော်တဲ့ ကင်းထောက်တပ်သားတစ်ယောက်ပဲ ရှိသေးတယ်။ သူကမင်းကို မှတ်မိနေပါအုံးမလား? စစ်သူကြီးချို့တောင်မှ သူဘယ်ကလာသလဲဆိုတာမသိဘူး။ သူသိသမျှအကုန်က သူကစုမိသားစုခေါင်းဆောင်ရဲ့
ထောက်ခံချက်ပေးမှုကြောင့် ရောက်လာတယ်ဆိုတာပဲ။"
YOU ARE READING
TG'sBBLW [BL Completed] [Myanmar Translation]
Historical FictionIt's just for offline translation. Translate for fun. Please support original author and eng translator. Title : The General's Black Bellied Little Wifey Start date - 30.6.2021 End date - 15.9.2021