Zawgyi
"ဟန်လန်ဖုန်း? အန်ဇီလင်းက အမှန်တကယ် အဲ့လိုပြောခဲ့တာလား? သူမလေးစားရတဲ့လူက ဟန်လန်ဖုန်းတဲ့လား?"
"Ah... အဲ့ဒါကြောင့် မင်းရဲ့ခင်ပွန်းကို သူမသွေးဆောင်ဖျားယောင်းမှာကို ကြောက်နေစရာမလိုတော့ဘူး။ ခန္ဓာကိုယ်ကရော အခုသက်သာလာပြီလား?"
"ဟုတ်ကဲ့။ အမတော် ကျွန်တော်အခု အားလုံးကောင်းသွားပါပြီ။ ဒါက ဂရုမစိုက်မိတဲ့ ကျွန်တော့်ရဲ့အမှားပါ။ အဲ့ဒီမင်ဟူက ဒီလောက်တောင် ခွန်အားကြီးတယ်။
တကယ်လို့ ကျွန်တော်မြန်သွားလို့သာမဟုတ်ရင် သေရမဲ့တစ်ယောက်က ကျွန်တော်ဖြစ်နေပြီ။"ရှင်းချန်က မွန်းလွဲပိုင်းတစ်ခုတွင် အိမ်ရှေ့စံမင်းသား
အိမ်တော်မှာရှိတဲ့ စုရှင်းယန်ဆီ အလည်ရောက်နေတာ ဖြစ်တယ်။ အိမ်ရှေ့စံမင်းသမီးက အမွှာမင်းသားလေးနဲ့မင်းသမီးလေးကို မွေးဖွားပေးထားရုံပဲ ရှိသေးတာဖြစ်တယ်။ စစ်သူကြီးကျဲယွင်က တရားရေးဆိုင်ရာလုပ်ငန်းကိစ္စတွေကို ဆွေးနွေးဖို့အတွက် အိမ်ရှေ့စံမင်းသားနဲ့အတူ စာကြည့်ဆောင်ကိုသွားတယ်။ ရှင်းချန်က အမှန်တကယ်ကို ဒီကလေးလေးနှစ်ယောက်နဲ့ ကစားရတာကို ကြိုက်တယ်။ သူကအရုပ်လေးတွေနဲ့ သူတို့လေးတွေကို ကျီစားနေတယ်။ စုရှင်းယန်က ရှင်းချန်ကို အပြုံးလေးနဲ့ ကြည့်လိုက်တယ်။"ရှင်းချန်လေး တကယ်လို့ တစ်နေ့ကျရင် တကယ်လို့ကျဲယွင်က သူကလေးလိုချင်တယ်လို့ပြောလာရင် ကိုယ်လုပ်တော်ယူဖို့ မင်းသူ့ကိုခွင့်ပြုပေးမှာလား? မင်းကလေးတွေကို နှစ်သက်တယ်ဆိုတာကို ဒီအမသိတယ်။ ဒါပေမဲ့ ကျဲယွင်အတွက် မင်းကလေးတစ်ယောက်ကိုတောင်
မမွေးဖွားပေးနိုင်ဘူးလေ။""အမေတာ် ကျွန်တော်က တစ်ကိုယ်ကောင်းဆန်တတ်တဲ့လူမျိုး။ သေချာပေါက်တကယ်လို့ ကျဲယွင်က သူကိုယ်လုပ်တော်တစ်ယောက် လိုချင်တယ်လို့ပြောလာရင် သူ့ကိုကျွန်တော်တားမှာ မဟုတ်ဘူး။ ဒါပေမဲ့သူကျွန်တော့်ကို
အရင်ကွာရှင်းပေးရလိမ့်မယ်။ ကျွန်တော့်ခင်ပွန်းကို
တစ်ခြားမိန်းမတစ်ယောက်နဲ့ အတူတူမျှဝေရမယ်ဆိုတဲ့အတွေးကို ကျွန်တော်မကြိုက်ဘူး။ ကျွန်တော့်ရဲ့ခံစားချက်တွေကို အမတော်နားလည်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။"
YOU ARE READING
TG'sBBLW [BL Completed] [Myanmar Translation]
Historical FictionIt's just for offline translation. Translate for fun. Please support original author and eng translator. Title : The General's Black Bellied Little Wifey Start date - 30.6.2021 End date - 15.9.2021