Chapter(13)

3.9K 641 4
                                    

Zawgyi

စစ်သူကြီးအိမ်တော်တွင် နေ့ရက်တွေက ပုံမှန်အတိုင်းပဲ ကုန်ဆုံးနေတယ်။ ကျဲယွင်က စစ်တပ်ပြင်ဆင်မှုတွေနဲ့ အလုပ်ရှုပ်နေတော့ စုံတွဲက ကြင်နာယုယနေဖို့ အချိန်သိပ်မရှိဘူး။ အိမ်တော်ထဲမှာ သူတို့ဆုံရင်တောင်မှ  သူတို့ပုံမှန်အတိုင်းပဲ ဆက်ဆံကြတယ်။ သိပ်မကြာခင်မှာပဲ ထွက်ခွာရမယ့်နေ့ရက်က ရောက်ရှိလာခဲ့တယ်။ ရှင်းချန်က လှည်းလုံးပေါ်မှာ လိုက်ပါစီးနင်းနေတဲ့အချိန်မှာ ကျဲယွင်က သူ့မြင်းပေါ်မှာ သံချပ်ကာတွေအပြည့်နဲ့ စီးနေတယ်။ အိမ်ရှေ့စံမင်းသားချင်ရွမ်က စစ်တပ်ကို ဘုရင်မင်းမြတ်ကိုယ်စား လိုက်ပို့ခဲ့တယ်။ သူစကားအနည်းငယ်ပြောကြားပြီးနောက် ပြန်လည်ထွက်ခွာသွားတယ်။ ကျဲယွင်က သူ့မြင်းကို ရှင်းချန်လှည်းလုံးဆီ မောင်းနှင်လိုက်ပြီးတော့ အထဲကိုဝင်ပြီး သူနဲ့စကားပြောလိုက်တယ်။

"ဇနီးလေး ကိုယ်အချိန်ခဏလောက် အဝေးကို သွားရမယ်။ ကိုယ်တို့တွေ နှစ်ဝက်အတွင်းမှာ ပြန်ရောက်မလာနိုင်ဖို့က ဖြစ်ကောင်းဖြစ်နိုင်တယ်။  မင်းလိမ်လိမ်မာမာနဲ့ အိမ်မှာနေပြီး ကိုယ်ပြန်လာတာကို စောင့်နေနော်။
တကယ်လို့ အပြင်ထွက်ချင်တယ်ဆိုရင် ယွီရွှမ်ကို  မင်းနဲ့အတူ သေချာပေါက်ခေါ်သွားနော်... ပြီးတော့..."

ဘာလို့ဒီနေ့ကျမှ ဒီယောက်ျားက အရမ်းနားပူနားဆာနဲ့ တကျည်ကျည်လုပ်နေရတာလဲ? ရှင်းချန်က သူ့လည်ပင်းကို ပွေ့ဖက်လိုက်ပြီးတော့ အသံနိမ့်နိမ့်လေးနဲ့ ပြောလိုက်တယ်။

"ကျွန်မ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ့မယ်။ အဲ့ဒါကြောင့် အားယွင်က စောစောပြန်လာရမယ်နော်။ အောင်မြင်မှုတွေနဲ့အတူ"

သူသူ့ကိုလွှတ်ပေးလိုက်ပြီးတော့ ကျောက်စိမ်းအစိတ်အပိုင်းလေးကို ယူထုတ်လိုက်ပြီး ကျဲယွင်ဘေးနားမှာရှိတဲ့ ဓားရှည်လက်ကိုင်ပေါ်မှာ ချည်ပေးလိုက်တယ်။ ကျောက်စိမ်းက အိမ်တော်ကို စောနကမှ ပို့ပေးလာခဲ့တာ  ဖြစ်တယ်။ ကျဲယွင်က အံ့အားသင့်သွားတယ်။ သူကျောက်စိမ်းအဆင်တန်ဆာကို ထိကြည့်လိုက်တော့ အဲ့ဒါက ရှင်းချန်ဝတ်ဆင်ထားတာနဲ့ အရောင်တစ်ထပ်တည်းတူနေတယ်ဆိုတာကို မြင်လိုက်ရတယ်။ သူသူ့လက်ကို ကိုင်ပြီးတော့ သူ့ရဲ့လက်ချောင်းထိပ်လေးတွေကို နမ်းလိုက်တယ်။ ထို့နောက် သူဖြူလျော်နေတဲ့နှုတ်ခမ်းပါးပေါ်မှာ အနမ်းတစ်ပွင့်ကို မခြွေချခင် သူ့ပါးမို့မို့လေးကို အချိန်ခဏလောက် ကြင်နာစွာပွတ်သပ်လိုက်တယ်။ အဲ့နောက် တဖြည်းဖြည်းနဲ့ ချစ်စိတ်ပြင်းပြတဲ့ အနမ်းအဖြစ်ကို ပြောင်းလဲသွားတယ်။ သူတို့တစ်ယောက်နဲ့တစ်ယောက် ဖက်တွယ်ထားရင်း လျှာချင်းလိမ်ယှက်ထားရင်းနဲ့ လှည်းလုံးထဲမှာ အသက်ရှူသံပြင်းပြင်းတွေ ပဲ့တင်ထပ်နေတယ်။ ကျဲယွင်က နောင်တအပြည့်နဲ့ ရှင်းချန်ကို လွှတ်ပေးလိုက်ပြီးတော့ လှည်းလုံးထဲကနေ ထွက်သွားတော့တယ်။ ရှင်းချန်က ထွက်ခွာသွားတဲ့ ချစ်ရသူရဲ့နောက်ကျောပုံရိပ်ကို ကြည့်ဖို့ လိုက်ကာစကို ပင့်တင်လိုက်တယ်။ သူ့နှလုံးသားက ချဉ်လာသလို ခံစားလိုက်ရတယ်။ ဒီယောက်ျားကို သူမမြင်ရတော့တဲ့အထိတိုင်အောင် သူငေးစိုက်ကြည့်နေခဲ့တယ်။ သူထို့နောက်
လိုက်ကာစကို ပြန်ချလိုက်တယ်။

TG'sBBLW [BL Completed] [Myanmar Translation]حيث تعيش القصص. اكتشف الآن