Chapter(15)

3.5K 617 2
                                    

Zawgyi

ကျဲယွင်က စစ်တပ်နဲ့အတူ မြို့တော်ကို  ပြန်ရောက်လာခဲ့တယ်။ ဘုရင်မင်းမြတ်ကို တင်ပြဖို့အတွက် နန်းတော်ဆီ သူအရင်သွားခဲ့တယ်။ သူသူ့အိမ်တော်ကို ပြန်ရောက်တဲ့အချိန်မှာ​ ရွေ့မားမားနဲ့အစေခံတွေက တန်းစီပြီး သူပြန်လာတာကို ကြိုဆိုဖို့ စောင့်နေကြတာကို သူတွေ့လိုက်ရတယ်။ ကြိုဆိုတဲ့လူတွေထဲမှာ ရှင်းချန်တော့ ရှိမနေဘူး။ သူ့မျက်နှာက ချက်ချင်းတင်းမာသွားပြီးတော့
သူ့စိတ်အခြေအနေကလည်း မည်းမှောင်သွားတယ်။
သူရွေ့မားမားကို ကြည့်လိုက်တယ်။

"ရှင်းချန် ဘယ်မှာလဲ?"

"သခင်မက တစ်ချိန်လုံး အိမ်တော်အတွင်းမှာပဲ နေနေပါတယ်။ ဒါပေမဲ့ သူမက အရင်လတုန်းက စုမိသားစုအိမ်တော်ဆီမှာ ပြန်သွားနေပါသေးတယ်။ ဒီကို လွန်ခဲ့တဲ့တစ်ပတ်ကမှ ပြန်ရောက်လာခဲ့တာပါ။ ဒါပေမဲ့ မျက်နှာအမူအရာက​တော့ သိပ်မကောင်းဘူး..."

ကျဲယွင်က အထဲကို အလျင်အမြန် ပြေးဝင်သွားတယ်။ ရှင်းချန်က အိပ်ရာပေါ်မှာ ကိုယ်တစ်ဝက်ကို နူးညံ့တဲ့စောင်နဲ့ လွှမ်းခြုံထားပြီးတော့ ထိုင်နေတာကို သူမြင်လိုက်ရတယ်။ သူ့မျက်နှာက သူနောက်ဆုံးအကြိမ်တွေ့ခဲ့တုန်းကထက် ပိုပြီးဖြူရော်နေတယ်။ သူ့နှလုံးသားကို ဆုတ်ဖြဲလိုက်သလိုမျိုးပဲ။ ရှင်းချန်ကသူ့ကို စိတ်မပူစေဖို့အတွက် စိတ်အေးစေတဲ့ အပြုံးလေးတစ်ပွင့်ကို ပေးလိုက်ပေမဲ့ အဲ့ဒါက သူ့ကိုပိုပြီးတော့တောင် ဝမ်းနည်းသွားစေတယ်။ ကျဲယွင်က အိပ်ရာပေါ်မှာ ထိုင်ချလိုက်ပြီးတော့ ရှင်းချန်ကို ပွေ့ဖက်လိုက်တယ်။

"ကိုယ်ပြန်ရောက်ပြီ။ ဇနီးလေး"

"အာ... ပြန်လာတာကို ကြိုဆိုပါတယ်။ အားယွင်"

"ဘာလို့မင်းမျက်နှာက အရမ်းဖြူရော်နေရတာလဲ?
ဘယ်နေရာနေမကောင်းဖြစ်နေတာလဲ? သမားတော်
ပြပြီးသွားပြီလား?"

"ကျွန်မ အဆင်ပြေပါတယ်။ အအေးနည်းနည်း မိရုံလေးပါ။ ပြီးတော့ သမားတော်က မနေ့တုန်းကပဲ လာပြီးသွားပါပြီ။ အားယွင်ရော ခရီးစဉ်က ချောချောမွေ့မွေ့ဖြစ်ရဲ့လား? လူမျိုးစုကို သုတ်သင်ပစ်ပြီးသွားပြီလား?"

TG'sBBLW [BL Completed] [Myanmar Translation]Where stories live. Discover now