Chapter(2)

5.8K 914 8
                                    

Zawgyi

စစ်သူကြီး၏အိမ်တော်တွင် နေရာတိုင်းမှာ မင်္ဂလာဓလေ့ထုံးတမ်းတွေနှင့်အညီ အနီရောင်ပိတ်စတွေနှင့် တန်ဆာဆင်ထားကြတယ်။ အိမ်တော်ထဲမှာရှိတဲ့လူတိုင်း လာမယ့်မင်္ဂလာဆောင်အတွက် ပြင်ဆင်ရင်း အလုပ်များနေကြတယ်။ ကျဲယွင်တောင် ကူညီလုပ်ဆောင်ပေးနေတယ်။

"စစ်သူကြီး ဒါတွေကိုကျွန်မတို့ဘာသာကျွန်မတို့ လုပ်နိုင်ပါတယ်။ စစ်သူကြီးကအပြင်ထွက်ပြီး စစ်သူကြီးသူငယ်ချင်းတွေဆီသာ သွားပါ။"

"ရွေ့မားမား ခင်ဗျားဘာတွေပြောနေတာလဲ။ ဒါက ကျွန်တော့ရဲ့မင်္ဂလာပွဲလေ။ သတို့သားတစ်ယောက်အနေနှင့် ကျွန်တော်လုပ်သင့်တဲ့အပိုင်းတွေကို ကျွန်တော်လုပ်နေတာ။ ကျွန်တော်လည်း ကျွန်တော့်ဇနီးဒီအိမ်တော်မှာ သက်တောင့်သက်သာနေနိုင်အောင် လုပ်ပေးချင်တယ်။ ကျွန်တော့်ဇနီး မင်္ဂလာဆောင်ပြီး ဒုတိယနေ့မှာပဲ့ ယောက္ခမအိမ်ပြန်ပြေးသွားမှာကို ကျွန်တော်မလိုချင်ဘူး။"

"ငါတို့စစ်သူကြီးက အရမ်းကြင်နာတတ်ပြီးတော့ အရမ်းအာရုံစိုက်နေတာပဲ့။ ဒီစုသခင်မလေးက ငါတို့စစ်သူကြီးကို သူမရဲ့ခင်ပွန်းအဖြစ်ရတာ အမှန်တကယ်ကို ကံကောင်းတာပဲ့။ အရင်စစ်သူကြီးနှင့်ဇနီးတို့က ဝေးဝေးကိုစောစောထွက်သွားကြတာ အရမ်းဆိုးတာပဲ့။ မဟုတ်ရင် စစ်သူကြီးရဲ့မင်္ဂလာပွဲကိုမြင်ပြီး သူတို့အရမ်းပျော်ရွှင်နေကြမှာ။ သူမဒီလိုအိပ်ယာခင်းအမျိုးအစားကို ကြိုက်ရဲ့လားဆိုတာကို စစ်သူကြီးသိလား?"

"အာ ခနစောင့်။ ရွေ့မားမား ကျွန်တော့်ယောက္ခမဆီကနေ စာရင်းရထားတာရှိတယ်။ အဲ့ဒါက ရှင်းချန်ရဲ့ဝါသနာနှင့် ကြိုက်တာတွေ မကြိုက်တာတွေအားလုံးကို ရေးထားတာ။"

ကျဲယွင်ကစက္ကူလိပ်တစ်လိပ်ကို ယူထုတ်လိုက်ပြီးတော့ ရွေ့မားမားနှင့် အတူတူဖတ်ဖို့ ဖွင့်လိုက်တယ်။

"ကူချင်းနှင့်ဗျပ်စောင်းကိုတီးရတာ ကြိုက်တယ်... ပုံဘယ်လိုဆွဲရမလဲဆိုတာနှင့် ကျားဘယ်လိုထိုးရမလဲဆိုတာကို နည်းနည်းသိတယ်။"

"ကျွန်တော်လည်း ပုလွေမှုတ်တာနှင့် ကျားကစားတာကို ကြိုက်တယ်။ ကောင်းမွန်တဲ့ပေါင်းစပ်မှုပဲ့။"

TG'sBBLW [BL Completed] [Myanmar Translation]Where stories live. Discover now