Chapter(19)

3.6K 595 2
                                    

Zawgyi

လဝက်ကြာပြီးနောက် အဓိကရွက်ဖျင်တဲထဲတွင် စစ်သားတစ်ယောက်က တင်ပြဖို့ အလျင်အမြန်ရောက်လာတယ်။

"စစ်သူကြီးကျဲ တော်ဝင်စစ်တပ်က စစ်သူကြီးဟန်လန်ဖုန်းနဲ့ စစ်သားတစ်သောင်းကို လာရောက်ပို့ဆောင်ပါတယ်။ သူတို့တွေက အခုလေးတင်ကမှ ရောက်လာတာပါ။ ပြီးတော့အခုလောလောဆယ် ရွက်ဖျင်တဲအပြင်ဘက်မှာ စောင့်ဆိုင်းနေပါတယ်။"

"စစ်သူကြီးဟန် ရောက်ပြီလား? အဲ့ဒါဆိုရင် သူ့ကိုသွားနှုတ်ဆက်ကြရအောင်။"

ကျဲယွင်က မတ်တပ်ရပ်လိုက်ပြီးတော့ ကြိုဆိုတဲ့အနေအထားနဲ့ သူ့ရဲ့လက်အောက်ငယ်သားတွေနဲ့အတူ ရွက်ဖျင်တဲထဲကနေ ထွက်လာတယ်။ ဒါပေမဲ့ သူရင်းနှီးနေတဲ့ မိန်းမဆန်ဆန်မျက်နှာလေးကို မြင်လိုက်ရတဲ့အချိန်မှာ သူ့မေးရိုးအောက်ကို ပြုတ်ကျသွားတော့တယ်။ အမဲရောင်အဝတ်အစားနဲ့ယောက်ျားက သူ့မြင်းပေါ်ကနေ ခုန်ဆင်းလိုက်တယ်။ တော်ဝင်စစ်တပ်က မထွက်ခွာခင်မှာ
စစ်သူကြီးနှစ်ယောက်ကို လေးစားသမှုနဲ့ ဦးညွှတ်လိုက်တယ်။

ကျဲယွင်က သူ့စိတ်ကိုယ်သူ ပြန်လည်မစုစည်းနိုင်ခင်အထိ မိန်းမဆန်ဆန်မျက်နှာပေါက်ရှိတဲ့စစ်သူကြီးကို
အချိန်ခဏလောက်ကြာအောင် ငေးကြည့်နေမိတယ်။

"မင်း..."

ရှင်းချန်က ခေါင်းကိုမသိမသာငြိမ့်ပြလိုက်တယ်။ သူ့မျက်လုံးတွေကတော့ ရယ်ရိပ်သန်းနေတယ်။

"ဟန်လန်ဖုန်းက စစ်သူကြီးကျဲကို နှုတ်ခွန်းဆက်ပါတယ်။"

"မင်းက အဲ့ဒီဟန်လန်ဖုန်း? အရှုံးမရှိတဲ့ အငှါးစစ်သူကြီး? စဉ်းစားကြည့်လိုက်တော့ စစ်သူကြီးကတကယ်ကို ကြည့်ကောင်းပြီး ငယ်ရွယ်တဲ့ယောက်ျားတစ်ယောက်ဖြစ်နေတာပဲ... ဒါပေမဲ့အရင်တုန်းက ငါမင်းကိုဘယ်နေရာမှာများ မြင်ဖူးသေးလဲ? မင်းကိုကြည့်ရတာ ရင်းနှီးနေတယ်..."

ဝေ့ယောင်က ပြောလိုက်တယ်။ ကျဲယွင်က သူ့ရဲ့အာရုံကို ပြောင်းဖို့ အနည်းငယ်ချောင်းဆိုးပြလိုက်တယ်။

"စစ်သူကြီးဟန်က သူ့ရဲ့ခရီးကြောင့် ပင်ပန်းနေလိမ့်မယ်။ လက်ထောက်ဝေ့ စစ်သူကြီးဟန်အတွက် တဲတစ်ခုပြင်ဆင်ပေးလိုက်..."

TG'sBBLW [BL Completed] [Myanmar Translation]Where stories live. Discover now