Chapter(11)

4K 670 8
                                    

Zawgyi

"အိမ်ရှေ့စံမင်းသားအိမ်တော်ကနေ ဒီနေ့ညအတွက်
ဖိတ်ကြားလွှာရောက်နေတယ်လား?"

"ဟုတ်တယ်။ အဲ့ဒါက ဒီမနက်တုန်းက ရောက်တာ။ မင်းဘယ်လိုထင်လဲ ဇနီးလေး? သွားချင်သလား?"

"သေချာပေါက်ပေါ့။ ကျွန်မကျွန်မရဲ့အမကြီးကို နောက်ဆုံးအကြိမ်တွေ့ပြီးကတည်းကနေ အခုဆို
အချိန်အချို့တောင် ရှိသွားပြီ။"

"ကောင်းပါပြီ။ အဲ့ဒါဆို ကိုယ်တို့ဒီညသွားကြတာပေါ့။ ကျန်းယန် အိမ်ရှေ့စံမင်းသားကို သွားသတင်းပို့လိုက်။ ငါတို့ဒီညပွဲတော်ကို တက်ရောက်မယ်လို့။"

"ဟုတ်ကဲ့။ စစ်သူကြီး"

စုံတွဲကခရမ်းရောင်ဆင်တူဝတ်စုံကို ဝတ်ဆင်ပြီးတော့
အိမ်ရှေ့စံမင်းသားအိမ်တော်ဆီ သွားတော့တယ်။
အိမ်ရှေ့စံမင်းသားချင်ရွမ်နှင့် အိမ်ရွေ့စံမင်းသမီး စုရှင်းယန်တို့က သူတို့ကိုကိုယ်တိုင်ကိုယ်ကျ လာကြိုဆိုတယ်။

"စစ်သူကြီးကျဲ ကျွန်မညီမငယ်လေးနဲ့ နှစ်ယောက်တည်း ဆွေးနွေးစရာရှိနေလို့ ရှင်စိတ်မရှိဘူးမလား?"

"ကောင်းပါပြီ။ ရှင်းချန် ပွဲတော်ထဲရောက်မှ ကိုယ်မင်းကိုတွေ့မယ်။"

ရှင်းချန်က ခေါင်းငြိမ့်ပြလိုက်ပြီး သူ့ရဲ့အမနဲ့အတူ ထွက်သွားတယ်။ တော်ဝင်အစောင့်တွေအများကြီး ခြံရံလျက် သူတို့တွေ ဘေးဘက်ပွဲကြည့်စင်ဆီ သွားလိုက်တယ်။ ရှင်းချန်ကသူ့ရဲ့ပဝါကို စုရှင်းယန်ရဲ့တောင်းဆိုမှုကြောင့် ဖယ်လိုက်တယ်။

"အမတော်"

"Ohh ငါတို့ရဲ့ရှင်းချန်လေး မင်းတကယ်အဆင်ပြေရဲ့လား? စစ်သူကြီးမင်းကို အနိုင်ကျင့်သေးလား? ဟင်? တကယ်လို့သူအနိုင်ကျင့်ရင် မင်းငါ့ကို ပြောရမယ်နော်။ ဒီအမကြီးကမင်းကို လက်စားပြန်ချေဖို့ ကူညီပေးမယ်။"

"Ah အားယွင်က ကျွန်တော့်အပေါ် အရမ်းကောင်းပါတယ်။ သူကျွန်တော့်ကို အနိုင်မကျင့်ပါဘူး။ အဲ့ဒါအပြင် အမကြီး လူတိုင်းကကျွန်တော့်ကို ဒီလောက်လွယ်လွယ်အနိုင်ကျင့်လို့ရမယ်လို့ ထင်နေတာလား? ကျွန်တော်က အဲ့လောက်တောင် ကျိုးပဲ့လွယ်နေသလား?"

TG'sBBLW [BL Completed] [Myanmar Translation]Where stories live. Discover now