Zawgyi
ရှင်းချန်က ဒါဇင်ရှိတဲ့လူတွေကို သူနဲ့အတူ ခေါ်ဆောင်သွားပြီးတော့ ရှီဝုရဲ့စခန်းချရာ တဲတွေထဲကို ခိုးဝင်သွားတယ်။ သူတို့တွေက အဆင်သင့်ဖောက်ခွဲနိုင်တဲ့ ယမ်းဗုံးအချို့ကို တဲတွေထဲမှာ နေရာချထားလိုက်တယ်။ အထူးသဖြင့် သူတို့ရဲ့အစားအစာနဲ့ လက်နက်သိုလှောင်တဲတွေမှာ ဖြစ်တယ်။ အရာအားလုံးက စတင်ပေါက်ကွဲနေ
ပြီးတော့ မီးရောင်တွေနဲ့ ဖြာထွက်သွားတယ်။ ပြီးတော့ အဲ့ဒါက ရန်သူတွေကို ချုံခိုတိုက်ခိုက်ခံနေရပြီလို့ အသိပေးလိုက်သလိုပဲ။ အမဲရောင်အဝတ်အစား ဝတ်ဆင်ထားတဲ့ ယောက်ျားတွေက အုပ်စုလိုက်ခွဲထွက်လိုက်ကြ
ပြီးတော့ ရန်သူတွေကို အာရုံပြောင်းနေတဲ့အချိန်မှာ ရှင်းချန်က ခေါင်းဆောင်ရဲ့တဲထဲကို ဝင်သွားလိုက်တယ်။
တဲတွေစတင်ပေါက်ကွဲနေတဲ့အချိန်ကတည်းက
ခေါင်းဆောင်မင်ဟူက နိုးနေပြီဖြစ်တယ်။ သူထို့နောက် သူ့တဲထဲကို ရှင်းချန်ဝင်လာတာကို မြင်တော့ သူတို့စတင်တိုက်ခိုက်ကြတော့တယ်။ ရှင်းချန်က သူ့ရဲ့ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီးတော့ သေစေနိုင်တဲ့နေရာတွေကို
ဦးတည်တိုက်ခိုက်တော့တယ်။ မင်ဟူကလည်း သူ့ရဲ့ကိုယ်ပိုင်လက်သီးနဲ့ တိုက်ခိုက်တော့တယ်။ ရှင်းချန်က အများစုကိုရှောင်လိုက်နိုင်ပေမဲ့ တစ်ကြိမ်မှာတော့ ရင်ဘတ်ကိုထိသွားခဲ့တယ်။ သူ့သွေးတွေတောင် ထွက်လာပြီလို့ သူခံစားလိုက်ရတယ်။ သူသူ့ရဲ့တိုက်ခိုက်မှုတွေကို လျင်မြန်စွာ အရှိန်မြင့်လိုက်တယ်။ သူကမင်ဟူကို သွေးရူးသွေးတန်းတိုက်ကွက်တွေနဲ့ ခုခံဖို့ကိုတောင် မတတ်နိုင်အောင် သူ့ရဲ့အဓိကနေရာတိုင်းကို ဖြတ်ပြီးတော့ နက်ရှိုင်းစွာ ထိုးသွင်းလိုက်တယ်။ သူ့ရဲ့ခွန်အားကလည်း တစ်ကြိမ်တည်းနဲ့ လျော့ကျသွားတဲ့အချိန်မှာ ရှင်းချန်ကလည်း နှလုံးထဲထိရောက်တဲ့ နက်ရှိုင်းတဲ့ဓားထိုးချက်နဲ့ မင်ဟူရဲ့ဘဝကို အဆုံးသတ်ပေးလိုက်တယ်။ မင်ဟူမြေကြီးပေါ်ကို လဲကျသွားတယ်။ ရှင်းချန်ကလည်း သူ့ကိုယ်သူမထိန်းနိုင်တော့ပဲ သူ့ပါးစပ်ထဲကနေ သွေးတွေစီးကျလာတယ်။
သူချောင်းဆိုးလိုက်မိတယ်။ သူ့ရဲ့နောက်လိုက်ငယ်သားတွေထဲကတစ်ယောက်က သူ့ရဲ့တာဝန်ကို အောင်မြင်သွားပြီးတဲ့နောက်မှာ အထဲကိုဝင်လာတော့ ဒီမြင်ကွင်းကို
မြင်လိုက်ရတယ်။ သူလျင်မြန်စွာ ရှင်းချန်ကို မတ်တပ်ရပ်နိုင်အောင် ကူညီပေးလိုက်ပြီး တဲထဲကနေ ရှင်းချန်နဲ့အတူ ထွက်ခွာလာခဲ့တယ်။ သူတို့အောင်မြင်သွားပြီလို့ ရှင်းချန်ပြောလိုက်တာနဲ့ အမဲရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ လူတွေအကုန်လုံးကလည်း ထွက်ခွာသွားကြတော့တယ်။ အသက်ဆုံးရှုံးမှုတွေ မရှိပဲနဲ့ပေါ့။
YOU ARE READING
TG'sBBLW [BL Completed] [Myanmar Translation]
Historical FictionIt's just for offline translation. Translate for fun. Please support original author and eng translator. Title : The General's Black Bellied Little Wifey Start date - 30.6.2021 End date - 15.9.2021