*Chapter(20)* [Final]

5.3K 674 8
                                    

Zawgyi

T/N:warning

စစ်ပွဲအတွင်းမှာ ဦးချိုတွေကိုမှုတ်ရင်း လူတွေက အော်ဟစ်နေကြရင်း သွေးတွေကလည်း နေရာအနှံ့ကို ပြန့်ကျဲနေကြတယ်။ စစ်ပွဲက တရားဝင်စတင်နေပြီ။ ကျဲယွင်က သူ့ရဲ့အကောင်းဆုံးချပ်ဝတ်တန်ဆာကို ဝတ်ပြီး ရှေ့တန်းကနေ သူ့ရဲ့စစ်သား​တွေနဲ့ ဦးဆောင်တိုက်ခိုက်နေတယ်။ သိပ်မကြာခင်မှာပဲ သူနောက်ဆုံးမှာတော့ ရှင်းချန်တီးတဲ့ကူချင်းသံကို ကြားလိုက်ရတယ်။ ဒီအသံက သူတို့ရဲ့နားထဲမှာ အံ့ဖွယ်တစ်ပါးလိုမျိုး ဖြစ်နေတယ်။ ဒါကိုကြားတော့ သူတို့တွေရဲ့သွေးတွေက ဆူပွက်လာပြီးတော့
တိုက်ပွဲဝင်စိတ်ဓာတ်တွေကလည်း မြင့်တက်လာတယ်။ ကျဲယွင်က စစ်ပွဲထဲကို ရှင်းချန်ဝင်လာတာကိုမြင်တော့ ပြုံးလိုက်မိတယ်။ ရှင်းချန်ကကူချင်းကို အထက်အောက်
ပြောင်းပြန်လှန်လိုက်ပြီးတော့ သူ့​နောက်ကျောကနေ မြားအနည်းငယ်ဆွဲယူလိုက်တာကို မြင်လိုက်ရတယ်။ မြားတွေကို သူ့ကူချင်းအောက်က ကြိုးပေါ်မှာ ထားလိုက်ပြီးတော့ အနီးဆုံးမှာရှိတဲ့ ရန်သူအနည်းငယ်ကို ပစ်လိုက်တယ်။ သူ့မြားတွေလည်းကုန်ရော သူ့အနားမှာ အလွန်အမင်းရှင်းလင်းသွားတာကို ကျဲယွင်မြင်လိုက်ရတယ်။ ရှင်းချန်က ကူချင်းကို မြင်းပေါ်မှာချည်လိုက်ပြီးတော့ ကွေးကောက်နိုင်တဲ့ ဓားရှည်နှစ်ချောင်းကို ကူချင်းကနေ ဆွဲထုတ်လိုက်တယ်။ ဓားတစ်ချောင်းကို လက်တစ်ဖက်စီကကိုင်ရင်း ရန်သူစစ်သူကြီးကို တိုက်ခိုက်တော့တယ်။ သူ့ရဲ့အမြန်နှုန်းက အံ့အားသင့်ဖွယ်ကောင်းလှတယ်။
ထို့နောက် သူရန်သူစစ်သူကြီးကို ခေါင်းဖြတ်သတ်လိုက်ပြီးတော့ သူ့ရဲ့တိုက်ပွဲကိုလျင်မြန်စွာ အဆုံးသတ်လိုက်တယ်။ နာရီပေါင်းများစွာကြာပြီး စစ်ပွဲအဆုံးသတ်တဲ့အထိတိုင်အောင် ကျဲယွင်ကလည်း ရှင်းချန်နဲ့အတူ ဘေးချင်းယှဉ်ပြီး တိုက်ခိုက်နေတယ်။ ထို့နောက် သူတို့တွေက သူတို့နိုင်ငံရဲ့အလံကို အောင်မြင်မှုနဲ့အတူ မြင့်တင်လိုက်တော့တယ်။

အဲ့ညမှာ စစ်တပ်က သေရည်တွေနဲ့ စစ်ပွဲသီချင်းတွေကိုဆိုပြီး သူတို့ရဲ့အောင်မြင်မှုအတွက် ပွဲကျင်းပကြတယ်။ ရှင်းချန်ကလည်း သူ့ကူချင်းကိုတီးပြီး သူတို့နဲ့အတူတူပါဝင်ဆင်နွှဲနေတယ်။ သူသေရည်အချို့ သောက်လိုက်ပေမဲ့ ကျဲယွင်ကသူ့ကို တားလိုက်တယ်။

TG'sBBLW [BL Completed] [Myanmar Translation]Where stories live. Discover now