Zawgyi
Translator's note:Warning
သူတို့မြို့တော်ကို အလျင်အမြန် ပြန်လာခဲ့ကြတယ်။
အိမ်ရှေ့စံမင်းသားအိမ်တော်ရဲ့ အစေခံတစ်ယောက်က
မြို့တံခါးဝမှာစောင့်နေပြီးတော့ သူတို့ကိုစစ်သူကြီးကျဲရဲ့အိမ်တော်ဆီကို ဦးဆောင်ခေါ်လာခဲ့တယ်။ အိမ်ရှေ့စံမင်းသမီး၊ လက်ထောက်ဝေ့၊ အန်မောင်နှမနှစ်ယောက်နဲ့ ရွေ့မားမားတို့က အဓိကခန်းမဆောင်ထဲမှာ စောင့်နေကြတယ်။ လူအိုကြီးရှုတစ်ယောက်တည်းသာ အခန်းထဲမှာ
ဖြစ်တယ်။"အားယွင် မင်းငါပြောတာကြားရလား? ငါပြန်ရောက်ပြီ။"
ရှင်းချန်က ကျဲယွင်ရဲ့လက်ကို ဆုပ်ကိုင်ထားလိုက်တယ်။ ကိုယ်အပူချိန်ကျဆင်းလာတယ်လို့ ခံစားလိုက်မိတော့ သူ့နှလုံးသားနစ်မြှုပ်သွားတယ်။
"ရှင်းချန်လေး ဒီအဖွားအိုကြီးသူ့ကို အရင်ကယ်ပါရစေအုံး။"
ရှင်းချန်က ဘေးကိုရွေ့ပေးလိုက်တယ်။ လူအိုကြီးရှုက အရှေ့ကိုတိုးလာပြီး သူ့လက်ကိုဆုပ်ပြီး နှုတ်ဆက်လိုက်တယ်။
"စုမိသားစုအကြီးအကဲ"
"အာ အဆိပ်ရဲ့သက်ရောက်မှုကို နှေးအောင်လုပ်ထားတာ ကောင်းတယ်။ မင်းရဲ့အလုပ်ကို မင်းကောင်းကောင်းလုပ်ခဲ့တာပဲ။ မင်းအခုသွားနိုင်ပြီ။ Shoo..."
"အို့ အဲ့ဒါဆိုရင် ကျွန်တော်သွားပါတော့မယ်။"
သူစိတ်ဓာတ်ကျစွာ လှည့်ထွက်လာတဲ့အချိန်မှာ ဘေးနားမှာရပ်နေတဲ့ ငယ်ရွယ်တဲ့ အလုပ်သင်လေးတစ်ယောက်ကို မြင်သွားတယ်။
"ဟန်လန်ဖုန်း မင်း ဒီသောက်ကလေး! စာကောင်းကောင်းဖတ် မဟုတ်ရင် ငါမင်းအမေကို မင်းစစ်တပ်ထဲမှာရှိမနေတာကို ပြောပြလိုက်မယ်။"
"ကျွန်တော်ဘာလုပ်နေသလဲဆိုတာကို သိပါတယ်။
ဦးလေး""လန်ဖုန်း မင်းသွားပြီး ဆေးသွားစပ်လိုက်။ အဲ့ဒီလူထုံအိုကြီးကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခံမနေနဲ့။"
"ဟုတ်ကဲ့။ ဆရာ"
လူအိုကြီးရှုက လည်ချောင်းထဲကနေ ချောင်းဟန့်သံလုပ်လိုက်ပြီး ထွက်သွားတော့တယ်။ အဖွားအိုက ကျဲယွင်ကိုယ်ပေါ်မှာ အပ်စိုက်ကုထုံးအနည်းငယ်ပြုလုပ်လိုက်ပြီး ကုသမှုပြီးနောက် သူမစိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်တယ်။
YOU ARE READING
TG'sBBLW [BL Completed] [Myanmar Translation]
Historical FictionIt's just for offline translation. Translate for fun. Please support original author and eng translator. Title : The General's Black Bellied Little Wifey Start date - 30.6.2021 End date - 15.9.2021