Zawgyi
T/N:Warning
ရှင်းချန်က အိမ်တော်ကို ပြန်တဲ့လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေတယ်။ သူကျဲယွင်ရဲ့လည်ပင်းကို
တိတ်တဆိတ်ဖက်လိုက်ပြီးတော့ သူ့ရဲ့ပွေ့ဖက်မှုကြားမှာ ငြိမ်နေလိုက်တယ်။ ကျဲယွင်ကသူ့ကို သူတို့ရဲ့အခန်းဆီကို သယ်လာခဲ့တယ်။ သူ့ကိုအိပ်ရာပေါ်မှာ ချပေးလိုက်ပြီးတော့ ရှင်းချန်ရဲ့အပေါ်မှာ သူနေရာယူလိုက်တယ်။ သူ့ရဲ့နဖူးကို ချစ်ခင်မြတ်နိုးစွာ နမ်းလိုက်တယ်။ ရှင်းချန်က ရှက်ရွံ့စွာ သူ့ရဲ့မျက်ခုံးတွေကို အဝေးကိုရွှေ့လိုက်မိတယ်။"ဘယ်အချိန်ကတည်းက ငါ့လျို့ဝှက်ချက်ကို သိနေတာလဲ? ငါကြားတာမှန်သမျှ အမှန်ပဲလား? ပြီးတော့ အင်ပါယာအမိန့်ပြန်တမ်းရော? ဘုရင်မင်းမြတ်က ဒီအကြောင်းကိုလည်း သိနေပြီးသားလား? မင်းငါ့ကို ဘာလို့မပြောပြခဲ့တာလဲ?"
"အာ အကုန်လုံး မှန်တယ်။ မင်းကယောက်ျားလေးဆိုတာကို
ကိုယ်သိနေတာတောင်မှ ကိုယ်မင်းကို ချစ်မိနေတယ်။
မင်းကစုမိသားစုရဲ့ ဒုတိယသခင်မလေးဆိုတာကို ကိုယ်သိတော့ ကိုယ်ချက်ချင်း ဘုရင်မင်းမြတ်ရဲ့အကူအညီကို တောင်းခံခဲ့တယ်။ အဲ့ဒါက အမိန့်ပြန်တမ်းက ဘယ်လိုဖြစ်လာခဲ့သလဲဆိုတာပဲ။"သူသူ့ရဲ့မျက်ခွံတွေနဲ့ သူ့ရဲ့နှာတံလေးကို နမ်းလိုက်တယ်။ ကျဲယွင်က ထို့နောက် ရှင်းချန်ရဲ့မေးစေ့ကို ပင့်တင်လိုက်ပြီးတော့ ရာဂကိုနှိုးဆွတဲ့အနေနဲ့ သူ့ရဲ့အောက်နှုတ်ခမ်းကို ကိုက်လိုက်တယ်။ ရှင်းချန်က သူ့ရဲ့မျက်လုံးတွေထဲကို တည့်တည့်ကြည့်ပြီးတော့ အနည်းငယ်ရှက်သွေးဖြာနေလျက် ကျဲယွင်ရဲ့လည်ပင်းကို ဖက်တွယ်ထားတဲ့သူ့ရဲ့လက်တွေက တင်းကျပ်သွားတယ်။ ကျဲယွင်သူ့နှလုံးသားက အပြင်ဘက်ကို ခုန်ထွက်လာပြီလို့ ခံစားလိုက်ရပြီးနောက် သူ့ကိုခုန်အုပ်လိုက်တယ်။ သူနူးညံ့ပျော့ပျောင်းပြီး နှင်းဆီရောင်သန်းနေတဲ့နှုတ်ခမ်းဆီ ချဉ်းကပ်သွားပြီးတော့ တစ်ဖက်လူကို အမဲလိုက်နေသလိုမျိုး သူ့လျှာကို ရှင်းချန်ရဲ့ပါးစပ်ထဲကို သွင်းလိုက်တယ်။ သူတို့လျှာတွေက အချင်းချင်းရစ်ပတ်နေပြီးတော့ သူတို့နှစ်ယောက်စလုံး သူတို့ရဲ့မျက်လုံးတွေကို မှိတ်ထားပြီး ဒီအခိုက်အတန့်လေးကို သာယာကြည်နူးနေကြတယ်။
VOUS LISEZ
TG'sBBLW [BL Completed] [Myanmar Translation]
Fiction HistoriqueIt's just for offline translation. Translate for fun. Please support original author and eng translator. Title : The General's Black Bellied Little Wifey Start date - 30.6.2021 End date - 15.9.2021