Zawgyi
"အားယွင်..."
အန်ဇီလင်းကသူတို့ ဒဏ်ရာရထားတဲ့ စစ်သူကြီးကျဲရှိနေတဲ့အခန်းဆီကို ပြေးသွားနေတဲ့အချိန်မှာ စစ်သူကြီးဟန်လန်ဖုန်းကနာမည်ကို မပီမပြင်ဝိုးတဝါးထပ်ခါတလဲလဲ
ရေရွတ်နေတာကို ကြားလိုက်ရတယ်။ သူတို့အခန်းဆီကိုရောက်တာနဲ့ ပြေးလွှားနေရာကနေ သူတို့နှစ်ယောက်စလုံး ရပ်လိုက်ကြတယ်။ အစေခံတွေက ရေနွေးဇလုံတွေနဲ့ သွေးတွေစွန်းထင်းနေတဲ့ အဝတ်အစားတွေကို ကိုင်ထားရင်း အခန်းထဲကနေ ထွက်လိုက်ဝင်လိုက်နဲ့ ပြေးလွှားနေကြတယ်။သူတို့အခန်းထဲကို ခြေလှမ်းချလိုက်တာနဲ့ ယောက်ျားအဝတ်အစားကို ဝတ်ဆင်ထားတဲ့စုရှင်းချန်က ကျော်ကြားတဲ့စစ်သူကြီး ဟန်လန်ဖုန်းဆိုတဲ့ သူ့ရဲ့အခုလက်ရှိပုံစံကို မေ့လျော့သွားတော့တယ်။ သူမှတ်မိတဲ့မျက်နှာတွေဖြစ်တဲ့ သွေးတွေစွန်းထင်နေတဲ့ အဝတ်အစားတွေနဲ့
အိမ်ရှေ့စံမင်းသားချင်ရွမ်၊ အိမ်ရှေ့စံမင်းသမီးစုရှင်းယန်၊ ဝေ့ယောင်နဲ့အန်ဇီကျူတို့နဲ့ ဝန်းရံထားတဲ့ကုတင်နားကို လမ်းလျှောက်နေတဲ့အချိန်မှာ သူ့ရဲ့ခြေလှမ်းတွေက
လေးလံသထက်လေးလံလာတယ်လို့ ခံစားနေရတယ်။ သူတို့တွေကစောစောတုန်းက လုပ်ကြံသတ်ဖြတ်မှုဖြစ်သွားတဲ့ နေရာအနီးနားမှာ ရှိနေခဲ့ကြတယ်ဆိုတာကို ပြသနေတယ်။ ကြည့်ရတာ ကျန်တဲ့ဧည့်သည်တွေကို ပြန်သွားခိုင်းလိုက်ပြီထင်တယ်။တောင့်တောင့်တင်းတင်းနဲ့ လမ်းလျှောက်လာတဲ့စစ်သူကြီးဟန် နီးကပ်လာတဲ့အချိန်မှာ လူအုပ်ကဘေးဘက်ကို ဖယ်ပေးလိုက်ကြတယ်။ ပြီးတော့အန်ဇီလင်းကလည်း သူ့အနောက်နားကနေ လိုက်လာတယ်။
ရှင်းချန်ကအိပ်ရာဘေးနားမှာ ဒူးထောက်ချလိုက်ပြီး
သူချစ်ရတဲ့ယောက်ျားရဲ့လက်ကို သတိလက်လွတ်ဆုပ်ကိုင်လိုက်မိတယ်။ အိပ်ရာပေါ်မှာ လှဲလျောင်းနေတဲ့ သတိရချက်မရချက်ဖြစ်နေတဲ့ မျက်နှာကလည်းဖြူလျော်နေပြီး နှုတ်ခမ်းကလည်း အပြာရောင်ပြောင်းနေတဲ့ သူ့ခင်ပွန်းကျဲယွင်ကို ကြည့်လိုက်မိတယ်။ ဓားထိုးခံထားရတဲ့ညာဘက်ပုခုံးပေါ်က သူ့ရဲ့ဒဏ်ရာကိုကုသပေးဖို့အတွက်
သွေးတွေစိုနေတဲ့အင်္ကျီကို ချွတ်ထားတာကြောင့် ကိုယ်အပေါ်ပိုင်းက ဗလာဖြစ်နေတယ်။ ကျဲယွင်က မျက်မှောင်ကြုပ်ထားပြီး အဆိပ်ကသူ့ကိုယ်ပေါ်မှာ စတင်ပျံ့နှံ့နေပြီဖြစ်တာကြောင့် နာကျင်မှုကြောင့် တုန်ယင်နေတယ်။ နာကျင်မှုက နှင်းကိုက်နာတွေအတိုင်းပဲ။ အနီရောင်ပုရွက်ဆိတ်တွေ တစ်ကိုယ်လုံးအနှံ့ သွားတွားနေသလိုမျိုးလည်း ခံစားရတယ်။ ယားလွန်းလို့မတတ်နိုင်ဘဲ ကုတ်ခြစ်ပစ်ချင်စိတ် ပေါက်လာတယ်။
YOU ARE READING
TG'sBBLW [BL Completed] [Myanmar Translation]
Historical FictionIt's just for offline translation. Translate for fun. Please support original author and eng translator. Title : The General's Black Bellied Little Wifey Start date - 30.6.2021 End date - 15.9.2021