Chapter(9)

4K 680 2
                                    

Zawgyi

ရထားလုံးက ဈေးနေရာအရှေ့မှာ ရပ်သွားတယ်။
ကျဲယွင်ပြောတာကတော့ သူကရှင်းချန်ကို ဈေးဝယ်ဖို့ခေါ်သွားပြီးတော့ မွန်းလွဲပိုင်းလက်ဖက်ရည်လေး သောက်ရင်း အချိန်အချို့ဖြုန်းချင်လို့လို့ပြောတယ်။ သူတို့ရောက်တာနှင့်ချက်ချင်း ကျဲယွင်က ရှင်းချန်လက်ကိုကိုင်ပြီးတော့ မြင်းလှည်းလုံးပေါ်ကနေဆင်းဖို့ ကူညီပေးလိုက်တယ်။ သူတို့က ချစ်ခင်စုံမက်နေတဲ့စုံတွဲတွေလိုမျိုး သူတို့ရဲ့လက်ချောင်းတွေကို ယှက်နွယ်ပြီး အချင်းချင်း လက်တွေကို ကိုင်ထားကြတယ်။ ထို့နောက် အသစ်စက်စက်မင်္ဂလာစုံတွဲက လမ်းတစ်လျှောက် ကုန်ပစ္စည်းတွေနှင့် ဈေးဆိုင်တွေကို ကြည့်ရင်း အလည်အပတ်သွားတော့တယ်...

Hmnn? စောစောတုန်းကပဲ ကျဲယွင်က သူတို့လက်ချင်းယှက်ပြီးကိုင်ထားတာကို လွှတ်လိုက်တယ်လို့ ရှင်းချန်ခံစားမိတယ်။ ဒါပေမဲ့ သူကဘာလို့အရမ်းကပ်နေပြီးတော့ သူ့လက်ကို ရှင်းချန်ရဲ့ခါးပေါ်မှာ ထားထားတာလဲ။ တိုဖူးစားနေတာလား?

ကျဲယွင်ကသူ့ခါးကို နည်းနည်းဖျစ်ညစ်လိုက်တယ်။
ရှင်းချန် သူလှုပ်ရှားနေရာကနေ ဆတ်ကနဲတုန်သွားတယ်။

ဒီလူကတော့ အပြင်မှာရှိနေတဲ့အချိန်မှာ ဘာလို့သူ့ပြုမူပုံတွေက ကလူမြူဆွယ်နေသလိုမျိုး လုပ်နေရတာလဲ? ကောင်းပြီလေ။ ငါသူ့ကို ဒီတစ်ခေါက်တော့ မျက်နှာသာပေးလိုက်ပါ့မယ်။
ဒီတစ်ချိန်တော့ ငါမင်းကို တိုဖူးစားခွင့်ပြုလိုက်မယ်။

အဲ့ဒါကြောင့် ရှင်းချန်က သူ့ရဲ့လက်နှင့်ခါးကို ကြင်နာယုယစွာကိုင်ရင်း သူ့ရဲ့ချစ်ခြင်းတွေကို သူများအထင်ကြီးအောင် ဟိတ်ဟန်ထုတ်ပြနေတဲ့ ကျဲယွင်ကို သူလုပ်ချင်သလိုလုပ်ခွင့်ပြုထားလိုက်ရင်း သူတို့လမ်းလျှောက်နေကြတယ်။ သူ့ရဲ့ခင်ပွန်းက သူ့ကိုသစ်စိမ်းနွေဦးဥယျာဉ်မှာ စောင့်နေဖို့ အကြံပေးတဲ့အချိန်မှာ ရှင်းချန်က ပင်ပန်းလာသလို စတင်ခံစားလာရတဲ့အချိန်ဖြစ်တယ်။

"ကောင်းပါပြီ။ ကျွန်မရှင့်စကားနားထောင်ပါ့မယ်။"

ဒီအကြံပြုချက်ကြောင့် ရှင်းချန်ကအမှန်တကယ်ကို ပျော်ရွှင်ဝမ်းမြောက်သွားတယ်။ သူ့ရဲ့မျက်လုံးတွေတောင်မှ ပြုံးနေတယ်။ သူဒီနေရာကို ယောက်ျားအဝတ်အစားနှင့် နောက်ဆုံးအကြိမ်လာခဲ့တဲ့အချိန်ကစပြီး ဘယ်လောက်တောင်ပြန်လာချင်ခဲ့သလဲဆိုတာကို သူမှတ်မိလိုက်တယ်။ သူ့ရဲ့မိသားစုဆီကနေ ပုန်းကွယ်ပြီး ထွက်ပြေးတိမ်းရှောင်နေခဲ့တဲ့ အချိန်တုန်းကပေါ့။ အဲ့ဒါက လွန်ခဲ့တဲ့တစ်နှစ်တုန်းကပဲ။ သူတို့ကသူ့ကို တစ်ခြားမျိုးရိုးမြင့်မိသားစုတစ်ခုနှင့် လက်ထပ်ပေးတော့မယ်ဆိုတာကို ကြားပြီး သူထွက်ပြေးလာခဲ့တာဖြစ်တယ်။ သူအိမ်ကနေထွက်လာတဲ့နေ့မှာ သူကဒီပွဲကြည့်စင် ရှေ့ကနေဖြတ်သွားခဲ့တယ်။ ပြီးနောက်သူက သူတို့ပြုလုပ်ထားတဲ့ ဒီဈေးကြီးလွန်းတဲ့လက်ဖက်ရည်နှင့် စေးကပ်ကပ်မုန့်ချိုတွေကို ကြိုက်သွားခဲ့တယ်။ ဒါပေမဲ့ သူထွက်ပြေးစရာလမ်းမရှိပဲ အိမ်ပြန်ခေါ်သွားခံရပြီးနောက် စစ်သူကြီးကို လက်မထပ်ခင်အထိနောက်ပိုင်း သူအိမ်တော်ထဲမှာပဲ အကျယ်ချုပ်မိသွားခဲ့တယ်။

TG'sBBLW [BL Completed] [Myanmar Translation]Donde viven las historias. Descúbrelo ahora