Sidetrack Story-2 Part(1)-2

2.2K 397 1
                                    

Zawgyi

အန်ဇီလင်း သူတို့ရဲ့ချစ်ခင်ကြင်နာနေတဲ့ ဆက်ဆံရေးကို ကြည့်ပြီးတော့ အတော်လေးရှက်ရွံ့သွားသလို ခံစားမိသလို တစ်ချိန်တည်းမှာပဲ သူမ မနာလိုဖြစ်မိတယ်။ သူမသက်ပြင်းချလိုက်ပြီးတော့ မုန့်အချိုအပိုင်းလေးကို သူမဘာသာသူမ နှေးကွေးစွာယူလိုက်မိတယ်။

"ဘာဖြစ်လို့လဲ?"

ရှင်းချန်က သူမသက်ပြင်းချလိုက်တာကို မြင်တဲ့အချိန်မှာ သူကသူ့လက်ဖက်ရည်ကို အရသာခံပြီး သောက်နေတာဖြစ်တယ်။

"ဘာမှမဖြစ်ပါဘူး။ ကျွန်မက ယွင်သာ့ကောနဲ့ဇောင့်ဇီတို့ကို အားကျနေရုံပါ။ တကယ်လို့ကျွန်မမှာလည်း ကျွန်မရဲ့နောက်ထပ်အသည်းတစ်ခြမ်းသာ ရှိမယ်ဆိုရင်... ဇောင့်ဇီ ကျွန်မတစ်ခုလောက် တောင်းဆိုလို့ရမလား?"

"ပြောကြည့်ပါ။"

"ကျွန်မကြားတာက စစ်သူကြီးဟန်လန်ဖုန်းက စုမိသားစုရဲ့အဖွဲ့ဝင်တစ်ယောက်ဆို။ ကျွန်မသူနဲ့ တွေ့ဆုံခွင့်ရမလား?"

ကျဲယွင်က အချိုမုန့်နင်သွားပြီး ရှင်းချန်မှာလည်း သူ့ရဲ့အချိုမုန့်ကစားပွဲပေါ်ကို ပြုတ်ကျသွားတော့တယ်။
သူလျစ်လျူရှုလိုက်ပြီးနောက် ကျဲယွင်ဆီကို လက်ဖက်ရည်တစ်ခွက် ကမ်းပေးလိုက်တယ်။ စုံတွဲကလှည့်ပြီး သူမကိုစိုက်ကြည့်လိုက်တယ်။

"ညီမကဘာလို့ စစ်သူကြီးဟန်နဲ့ တွေ့ချင်နေရတာလဲ? တစ်ခုခုများ...?"

အန်ဇီလင်းက ရှက်ရွံ့စွာအောက်ကို ငုံ့ချလိုက်ပြီးတော့ သူမရဲ့လက်ကိုင်ပုဝါကို လိမ်ခြေနေလိုက်တယ်။ ကျဲယွင်ကရှင်းချန်ကို ဘယ်လိုမျိုးအကြည့်စူးစူးတွေနဲ့ ကြည့်နေသလဲဆိုတာကို သူမသတိမထားမိလိုက်ပါဘူး။ ကျဲယွင်ကသူ့မှာ မေးခွန်းမေးစရာရှိနေတယ် ဆိုတဲ့ပုံစံမျိုးနဲ့ မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်သလို ရှင်းချန်ကလည်း တူညီတဲ့ရှုပ်ထွေးနေတဲ့အကြည့်တွေနဲ့ ပြန်စိုက်ကြည့်လိုက်တယ်။

"အဲ့နှစ်မြောက်ဘက်မြို့ကနေ ပြန်လာတဲ့လမ်းမှာ စစ်သူကြီးဟန်က ကျွန်မကိုတစ်ကြိမ်ကယ်ခဲ့ဖူးတယ်။ သူကအဲ့တုန်းက တပ်သားတစ်ယောက်ပဲရှိသေးတယ်။ ဒါပေမဲ့သူက လူရိုင်းအယောက်နှစ်ဆယ်ကို သူတစ်ယောက်တည်း တိုက်ခိုက်ခဲ့တာ။ အရမ်းရဲရင့်တာပဲ။ အဲ့အချိန်ကတည်းက ကျွန်မသူ့ကိုအရူးအမူးချစ်ခဲ့တာ။ ကျွန်မဘာကိုမှ မလိုချင်ပါဘူး။ တစ်ခါတည်းတွေ့ခွင့်ရရင်ကို ကျွန်မအတွက် လုံလောက်နေပါပြီ။ တကယ်ပါ။"

TG'sBBLW [BL Completed] [Myanmar Translation]Where stories live. Discover now