MY LOVELY LIAR_7

1.8K 170 4
                                    

Part-7

*တီး‌တောင် တီးတောင်"
ဘဲလ်သံကြောင့် ထသွား‌ဖွင့်ပေးလိုက်တော့ မေဖန်း။

"လာ မေဖန်း"
"လာပြီ ဒီမှာနင့်အကြိုက် ကင်ချီခေါက်ဆွဲပြုတ်"
မေဖန်းက အထုပ်လေးကိုဆွဲပြရင်းပြောတော့ ရိပေါ်က ပြုံးလိုက်မိသည်။ ဒီကောင်မလေး ဘာလိုချင်လဲမသိ။

"အဟမ်း ငါပြင်ပေး‌မယ်နော်"
"အဟမ်း အေးပါ သွား"
မေဖန်းက မီးဖိုချောင်ထဲအမြန်၀င်သွားပြီး ခေါက်ဆွဲပြုတ်ကို ပန်းကန်ထဲထည့်ကာ ယူလာပေးသည်။

"ကောင်းလား ရိပေါ်"
"အင်း"
"ငါ အစပ်လျော့ခိုင်းထားတယ်"
"အင်း"

"ငါ မနက်ကဒေါက်စီးထားရလို့ ခြေထောက်နည်းနည်းနာနေတာတောင် သွားဝယ်ပေးထားရတာနော်"
"ဟား ဟား သိပါပြီဟာ စကား‌တွေဝေ့မနေနဲ့ ငါ့ဆီက ဘာလိုချင်လဲသာပြော"

"ဟိုဟာ ငါလေ"
"အင်း"
"အကိုရှောင်ကျန့်ကို နည်းနည်းကြိုးစားကြည့်မလားလို့"

မေဖန်းစကားကြောင့်ရိပေါ်ကစားလက်စခေါက်ဆွဲကို ခဏရပ်တန့်လိုက်မိပေမဲ့ ရုပ်မပြတ်အောင် အချိန်မှီပလုတ်ပလောင်းပြန်စားပြနေလိုက်သည်။

ဘာမှမခံစားရတဲ့ပုံမျိုး ဟုတ်တယ် မင်းဘာမှမခံစားရဘူး ရိပေါ် မင်းမှာဘာခံစားချက်မှမရှိဘူး။

"ဟဲ့ ငါပြောတာကြားလားလို့"
"ကြားတယ်လေ အဲ့တာနင်ရှောင်ကျန့်ကိုပြောရမှာမဟုတ်လား ဘာလို့ငါ့လာပြောနေတာလဲ"
"ငါပြောချင်တာက"
"ဘာလဲဟ ပြောစမ်းပါ ဝေ့မနေနဲ့ နင်မပီသလိုက်တာ"

"အေးပါဟ ငါရှက်နေလို့ ငါအကို့ကိုချစ်နေပြီလို့"
"အိုက်ရိုး မေဖန်း အဲ့တာရှောင်ကျန့်ကိုသွားပြောရမှာဟ"
"ငါသိပါတယ် ဒါပေမယ့် ငါ့မှာအကိုနဲ့ပက်သတ်ပြီး နင့်ဆီမှာတောင်းဆိုစရာရှိလို့"

"အေး ပြော ပြော"
"ငါတို့ အကို့ကိုလိမ်ထားတဲ့ကိစ္စလေ အဲ့တာကို နင်တသက်လုံးဖုံးကွယ်ထားပေးလို့ရမလား"
"ဘာပြောတာ"
"အဲ့ကိစ္စကငါတို့နှစ်ယောက်ဘဲ သိတာလေ အဲ့တော့ ငါတို့မပြောဘဲထားလိုက်ကြရအောင် နော် ရိပေါ် ငါ့ကိုကူညီမယ်မလားဟင်"

MY LOVELY LIAR (Completed)Onde histórias criam vida. Descubra agora