Part-19
ရိပေါ်သွားတဲ့ရက်တွေမှာ ရှောင်ကျန့်မှာလွမ်းတဲ့ဒဏ်ကတမျိုး သံသယစိတ်နှိပ်စက်တာကတမျိုးနဲ့ မနည်းအားတင်းကာနေခဲ့ရသည်။ သူ့ဘာသာပြိုင်ပွဲကိစ္စ အလုပ်ရှုပ်နေတဲ့ကောင်လေးကိုလဲ စိတ်ဒုက္ခမပေးချင်တာမို့ ရိပေါ်ဖုန်းဆက်တိုင်း တခွန်းမှမမေးဘဲ ရိပေါ်ပြောလာမလားရယ်လို့သာ စောင့်ဆိုင်းနေခဲ့ရသည်။
ဖေးပြောတဲ့စကားကိုပြန်တွေးပြန်တော့လဲ အဓိပ္ပာယ်က နှစ်မျိုးသက်ရောက်နေတာမို့ ရင်ထဲမှာတော့ သံသယစိတ်ကအဆမတန်ကြီးထွားလာရသည်။ ရိပေါ်နဲ့ဖုန်းပြောပြီးတိုင်းလဲ တိတ်တခိုးမျက်ရည်ကျပြီး လူကနုံးချိရမြဲ။
အရာရာပြည့်စုံသောအမျိုးသားလေးကိုချစ်သူတော်ထားရတာမို့၊ ထိုအမျိုးသားလေးထက်လဲ သူကအသက်ကြီးနေတာမို့၊ ပြီးတော့ ယောင်္ကျားလေးဖြစ်တဲ့သူ့ထက် စွဲမက်ဖွယ်ကောင်းသောမိန်းကလေးတွေက ထိုအမျိုးသားလေးနားမှာ တဝဲလည်လည်ရှိနေတတ်တာမို့။
အတွေးများနေခိုက်မှာပင် ကောင်လေးရဲ့ဖုန်း၀င်လာတာမို့ ပြုံးမိရပြန်သည်။
"Hello"
"အင်း ရိပေါ်"
"နေကောင်းလား ကိုယ့်ကလေးလေး"
"အင်း မင်းရော"
"လူကိုမေးတာဆိုရင်တော့ ကောင်းတယ် စိတ်ကိုမေးတာဆိုရင်တော့ မင်းကိုလွမ်းနေတယ်"တစ်ဖက်မှ ခပ်ရေးရေးသက်ပြင်းရှိုက်၍ ရီသံလေးကိုကြားရတာမို့ ရိပေါ်ပြုံးမိရသည်။
ရီသံလွင့်လွင့်လေး။ ကြားရုံနဲ့ တရုတ်ပြည်ကိုအပြေးပြန်လာချင်အောင်စွဲဆောင်နိုင်သောအသံလေး။ ခဏလေးခွဲရရုံနဲ့တောင် လူကလွမ်းတဲ့စိတ်ကြောင့် နုံးချင်ချင်။
...........................................................................ပိတ်ရက်လေးမှာတော့ အချိန်ယူကာ ရှောင်ကျန့်တစ်ယောက် ရိပေါ်အခန်းသို့ရောက်လာမိသည်။ ဘာရယ်မဟုတ်ပေမဲ့ ချစ်သူဖြစ်စကတည်းက ကောင်လေးက သူ့ကိုသော့ပိုတစ်ချောင်းပေးထားခဲ့တာမို့ အလွမ်းပြေကြည့်ရင်းနဲ့ကောင်လေးအတွက်လိုမယ့်ပစ္စည်းတချို့၀ယ်လာလိုက်သည်။
အခန်းထဲ၀င်မိသည်နှင့် ချစ်သူရဲ့အငွေ့အသက်ကိုခံစားမိရတာမို့ နှစ်သက်စွာပြုံးမိရသည်။ ၀ယ်လာတဲ့ပစ္စည်းတွေကို နေရာတကျဖြစ်အောင်ထားပြီး အိပ်ရာခင်းတွေအသစ်လဲပေးဖြစ်သည်။
VOCÊ ESTÁ LENDO
MY LOVELY LIAR (Completed)
Fanficနယ်မြို့လေးတစ်မြို့ကိုလာလည်တဲ့သူဠေးသားလေး ရှောင်ကျန့် နဲ့ စိတ္တဇဝေဒနာရှင်အမေကြောင့် မိန်းကလေးလိုဟန်ဆောင်နေခဲ့ရတဲ့ကောင်ငယ်လေး ဝမ်ရိပေါ် ဆိုတဲ့ လူသားနှစ်ယောက်ကြားက ဆယ်စုနှစ်တစ်ခုစာဖြစ်တည်လာတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ရေးထားတာပါရှင်။ P.S Yizhan ပါန...