Part-8
စိတ်ထဲကမသေချာမရေရာမှုတချို့ကြောင့် ရှောင်ကျန့် ခုတလောရိပေါ်ကိုမတွေ့အောင်ရှောင်နေမိခဲ့တယ်။ ရိပေါ်ကိုမတွေ့အောင်ရှောင်နေရတဲ့အတွက် မေဖန်းကိုလဲမတွေ့ခဲ့ရ။
ဒီနေ့တော့ရင်ထဲမှာ လွမ်းလွမ်းဆွတ်ဆွတ်ခံစားရမှုကြောင့် ထိုလွမ်းဆွတ်မှုကို မေဖန်းအတွက်လို့ အလွယ်တကူခေါင်းစဉ်တပ်ရင်း အကသင်တန်းဘက်ကို ခြေလှမ်းတို့ကဦးတည်လာမိသည်။
သူသွားတော့ အကခန်းထဲမှ ခပ်မြူးမြူးသီချင်းသံလေးပျံ့လွင့်လာခဲ့သည်။ အရင်လိုဘဲတဖြေးဖြေးချင်းလျှောက်သွားကာ အခန်းတံခါး၀မှကြည့်မိတော့ ရိပေါ်နဲ့သင်တန်းသူလေးတစ်စု။
ရိပေါ်က ချစ်ဖို့ကောင်းလောက်အောင်ပြုံးရီနေရင်း သင်တန်းသူမလေးတွေကို မိန်းကလေးအကကို ဟန်ပါပါကပြနေခဲ့သည်။ ဒီကောင်လေးက အကကိုအရမ်းချစ်တတ်လွန်းပြီး ဘယ်အကကိုမဆို နစ်၀င်ခံစားပြီးကတတ်တာကိုတော့ ရှောင်ကျန့် လက်ခံရပါသည်။
ဒါပေမယ့် ဒီလောက်ပြုံးရီနေဖို့ မလိုဘူးမလား။ အခန်းထဲကသင်တန်းသူလေးများကလဲ ရိပေါ်ရဲ့လှုပ်ရှားမှုတိုင်းကို ချောလိုက်တာဆိုတဲ့စကားများနဲ့ ဩဘာပေးနေကြသေးသည်။ သင်တန်းဆရာက သင်တန်းသူတွေကို ဒီလောက်ဘဲအလိုလိုက်ရသလား။
"အကို"
"အော် မေဖန်း"
"ဟီး ရိပေါ်ကတာကိုကြည့်နေတာလား"
"အင်း သူက ဒီလိုအကလဲရတာဘဲလား"
"ရိပေါ်က ဘယ်အကအဖြစ်ဖြစ် ကျွမ်းကျွမ်းကျင်ကျင်ကတတ်တယ်အကိုရ ပြီးတော့ ကပြီဆို ရှက်တဲ့စိတ်လဲမရှိတော့ဘူး အကုန်ကပြီးမှသာရှက်ရင် ရှက်နေတာ"မေဖန်းစကားနားထောင်နေရင်း ရိပေါ်ဆီအကြည့်ပြန်ပို့မိတော့ သီချင်းဆုံးတာနဲ့ ရိပေါ်ကသူ့မျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်လိုက်သည်။ ပြီးတော့ ခပ်ကြမ်းကြမ်းလေးပွတ်ရင်း ရီနေတာကိုတွေ့ရသည်။ သီချင်းဆုံးတာနဲ့ တကယ်ရှက်နေပြီဘဲ။
"တွေ့လား အကို သူရှက်နေပြီ"
"အဟက် ဟုတ်သားဘဲ"ရှောင်ကျန့်ရီမိနေတုန်းမှာပင် သင်တန်းသူလေးတစ်ယောက်ကရိပေါ်ဆီပြေးသွားပြီး တဘက်လေးကမ်းလိုက်တာကို တွေ့ရသည်။ ရိပေါ်က လှမ်းယူပြီး ချွေးသုတ်နေလေသည်။
![](https://img.wattpad.com/cover/275570140-288-k164354.jpg)
YOU ARE READING
MY LOVELY LIAR (Completed)
Fanfictionနယ်မြို့လေးတစ်မြို့ကိုလာလည်တဲ့သူဠေးသားလေး ရှောင်ကျန့် နဲ့ စိတ္တဇဝေဒနာရှင်အမေကြောင့် မိန်းကလေးလိုဟန်ဆောင်နေခဲ့ရတဲ့ကောင်ငယ်လေး ဝမ်ရိပေါ် ဆိုတဲ့ လူသားနှစ်ယောက်ကြားက ဆယ်စုနှစ်တစ်ခုစာဖြစ်တည်လာတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ရေးထားတာပါရှင်။ P.S Yizhan ပါန...