MY LOVELY LIAR_14

2K 165 2
                                    

Part-14

ရိပေါ်ရှေ့မှာ ရိပေါ်နာကျင်စေမယ့်စကားတွေကို ရွေးချယ်ရင်း သွေးအေးအေးနဲ့ပြောခဲ့ရပေမယ့် ရိပေါ်ရဲ့မျက်ကွယ်ရာသို့ရောက်တာနဲ့ရှောင်ကျန့်မျက်၀န်းထဲတွင်လဲ မျက်ရည်များပြည့်လျှံလာရသည်။

လိမ်ရက်လေခြင်းဆိုသောအတွေးနဲ့ ယောင်္ကျားလေးချင်းမချစ်သင့်ဟူသော အယူအဆတစ်ရပ်က ရိပေါ်မျက်၀န်းထဲမှ မျက်ရည်များကို သွေးအေးအေးနဲ့ကြည့်နေနိုင်ခဲ့ဖို့ တွန်းအားတစ်ခုဖြစ်ခဲ့ရသည်။

မကြာခင်လဲပြိုကျတော့မယ်ခန္ဓာကိုယ်ကို မတော်တဆရိပေါ်မြင်မှာစိုး၍ ကားပေါ်အမြန်ပြေးတက်ခဲ့မိသည်။ ရှိနေသောမာနလက်ကျန်များဖြင့် အားတင်းကာ ကားကိုမောင်းထွက်လာခဲ့ရပေမယ့် မျက်၀န်းတွေကတော့ မနာခံစွာပင် မျက်ရည်များတသွင်သွင်စီးဆင်းလျက်။

အိမ်ရောက်တာနဲ့ အိပ်ခန်းထဲသို့ အမြန်ပြေး၀င်ပြီး တံခါးပိတ်လိုက်တော့မှာပင် ‌ခြေထောက်တို့ကခွေယိုင်လဲကာ ပိတ်လှောင်ထားမိသောခံစားချက်တို့က ပေါက်ကွဲထွက်ကျလာရသည်။ မျက်ရည်တို့ကလဲ ပါးပြင်ထက်သို့ ပိုးပိုးပေါက်ပေါက်ကျဆင်းလာခဲ့ရလေပြီ။

ကိုယ့်ရင်ဘတ်ကို ပြန်ဖိထားရင် ငိုနေမိသည်မှာ ရှိုက်ကြီးတငင်။ အသည်းတို့က တဆက်ဆက်တုန်ခါလျက်၊ နှလုံးသွေးတို့ကလဲ အတိုင်းအဆမဲ့ပြိုဆင်းလျက် မျက်ရည်တို့ကဒလဟောသွန်ချလာလေသည်။

မုန်းလိုက်တာ ရိပေါ်ဆိုတဲ့လူကိုမုန်းလိုက်တာ။ သူက ဘာမို့လို့လဲ၊ ဘယ်သူမို့လို့လဲ၊ ဘယ်သူမို့လို့ သူ့သဘောနဲ့သူ ငါ့ဘ၀ထဲကိုလာ၀င်ရှုပ်ချင်တိုင်းရှုပ်ရတာလဲ။

ရိပေါ် မင်းက ဘယ်လောက်များတော်နေလို့ ငါက မင်းလိုလူအတွက်မျက်ရည်ကျနေရတာလဲ။ ဘာလို့နှစ်နဲ့ချီပြီး ငါ့ကိုလိမ်ရတာလဲ။ ဘာလို့ ငါ့ဘ၀ထဲ နေရာယူရုံတင်မကဘဲ ငါ့နှလုံးသားထဲပါ ၀င်လာရတာလဲ။

ငါငယ်ငယ်တုန်းကတွေ့ခဲ့တဲ့မင်းနေရာကို ဘာလို့မင်းသဘောနဲ့မင်း တခြားတစ်ယောက်ကို အစားထိုးနိုင်ရတာလဲ။ ငါကမင်းအတွက်အဲ့လောက်လွယ်လား။ မင်းလုပ်ချင်တာလုပ်လို့ရတဲ့လူမျိုးလား။

MY LOVELY LIAR (Completed)Tempat cerita menjadi hidup. Temukan sekarang