Part-5
မေဖန်းရဲ့လက်ထဲမှာဘောလုံးလေးသည် နှိမ့်ချည်မြင့်ချည်။ ရိပေါ်ကပါ ဘောလုံးလေးကိုလိုက်ကြည့်မိနေတာမို့ ခေါင်းလေးကဘောလုံးသွားရာအတိုင်း လှုပ်ယမ်းနေမိသည်။
"မေဖန်းရာ ပြောစရာရှိတာပြောပါဟ ဒီလိုနဲ့ငါ့ခေါင်းက ပြုတ်ထွက်တော့မှာ"
"ပြောမယ်လေ ငါ့လဲစဉ်းစားချိန်တော့ပေးပါဦး"
"အိုက်ရိုး နင်စဉ်းစားပြီးပြီမဟုတ်ဘူးလားဟ"သူဘဲ ရှောင်ကျန့်နဲ့သူ ပိုအဆင်ပြေစေမယ့်နည်းလမ်းကိုသိပြီဆိုပြီးခေါ်လို့ အမောတကောပြေးလာပြီးမှ ဘာစကားမှထွက်မလာသောသူငယ်ချင်းမကို ရိပေါ်စိတ်မရှည်ချင်။
"အေး အေး ပြောပါ့မယ်ဟ နင့်လူနဲ့နင်က သူငယ်ချင်းရောဟုတ်ရဲ့လားဟယ် နင့်ကြည့်ရင် သူ့နာမည်ကြားရုံနဲ့ အမြဲအလောတကြီး"
"သူငယ်ချင်းပါဟ ချီးထဲမှ ပြောစရာရှိတာ မြန်မြန်ပြော""ငါ့အစီအစဉ်က ဒီလိုဟ .........."
မေဖန်းပြောပြတဲ့အစီအစဉ်ကြားတော့ ရိပေါ်သဘောကျစွာပြုံးမိသည်။ မဆိုးပါဘူး နင့်ခေါင်းကဒါမျိုးတော့ထွက်သား ဟုပြောရင်း မေဖန်းခေါင်းကိုလှမ်းဖွပြီး ရယ်ကျဲကျဲနဲ့ သူ့အခန်းဘက်သို့ပြန်သွားသည်။
ထွက်သွားသောသူငယ်ချင်းကိုကြည့်ရင်း မေဖန်းလဲသက်ပြင်းချရသည်။ အချင်းချင်းကသူငယ်ချင်းဖြစ်ပြီး အမြဲမသက်မသာပုံပေါက်နေသော သူတို့ကိုကြည့်ရတာ မေဖန်းလဲစိတ်မချမ်းသာ။
ရှောင်ကျန့်က မေဖန်းကိုသာအဖက်လုပ်ပြီး အရေးတယူရှိသည်။ ရိပေါ်ကိုဆိုအမြဲမသက်မသာ အေးတိအေးစက်ပုံစံမျိုးဖြင့်ဆက်ဆံသည်မို့ တွေ့ရတိုင်း မေဖန်းမှာမလုံမလဲခံစားရသည်။
တကယ်ဆို ရှောင်ကျန့်ဆီမှာ မေဖန်းရတဲ့အခွင့်အရေးတိုင်းသည် ရိပေါ်ပိုင်ရမယ့်အရာတွေမလား။ မေဖန်းက ရိပေါ်ရဲ့အယောင်ဆောင်သက်သက်သာ။ ဒါပေမယ့် ထူးဆန်းတာက အယောင်ဆောင်ဘ၀ရဲ့အစပိုင်းမှာ မေဖန်းစိတ်ရှုပ်ပေမယ့် နောက်ပိုင်းမှာပျော်ပါတယ်။
...........................................................................မေဖန်းရဲ့အစီအစဉ်အတိုင်း ရှောင်ကျန့်တို့ Shanghaiမြို့ရဲ့ အကြီးမားဆုံးသရဲအိမ်သို့ရောက်ရှိလာခဲ့ကြသည်။
YOU ARE READING
MY LOVELY LIAR (Completed)
Fanfictionနယ်မြို့လေးတစ်မြို့ကိုလာလည်တဲ့သူဠေးသားလေး ရှောင်ကျန့် နဲ့ စိတ္တဇဝေဒနာရှင်အမေကြောင့် မိန်းကလေးလိုဟန်ဆောင်နေခဲ့ရတဲ့ကောင်ငယ်လေး ဝမ်ရိပေါ် ဆိုတဲ့ လူသားနှစ်ယောက်ကြားက ဆယ်စုနှစ်တစ်ခုစာဖြစ်တည်လာတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ရေးထားတာပါရှင်။ P.S Yizhan ပါန...