Part-17
ငှက်လေးတွေရဲ့တေးသံသာနဲ့အတူ ကျယ်၀န်းလှတဲ့ကုတင်ကြီးပေါ်မှာ ရှောင်ကျန့်ဆိုတဲ့လူသားလေးဟာလဲ လူးလွန့်လို့နိုးထလာခဲ့ရသည်။ မျက်လုံးများမဖွင့်ခင် အရင်ဆုံး၀င်ရောက်လာတဲ့အတွေးကတော့ သူဟာရိပေါ်ရဲ့တရား၀င်ချစ်သူဆိုသောအတွေးပင်။
ထိုအတွေးစလေးကြောင့် ရှောင်ကျန့်ရဲ့မျက်လုံးလေးများမပွင့်လာခင် နှုတ်ခမ်းလေးမှာအပြုံးတို့က အရင်နေရာယူကြလေပြီ။ ကိုယ်ချစ်ရတဲ့လူက ကိုယ့်အပိုင်ဖြစ်သွားပြီဆိုတဲ့ခံစားချက်။
ကုမ္ပဏီကိုထွက်လာချိန်မှာလဲ လူကအရင်ကထက်ပိုပြီးလန်းဆန်းနေသယောင်။ နှုတ်ခမ်းပေါ်ကအပြုံးတို့ဟာလဲ တချက်မှမရပ်တန့်သွားမိ။
"အားလုံးမင်္ဂလာပါ"
"ဟုတ်ကဲ့ မင်္ဂလာပါ CEO"ရွင်မြူးစွာနှုတ်ဆက်သွားသောရှောင်ကျန့်ရဲ့အသံသာသာလေးအဆုံးမှာ ၀န်ထမ်းတို့ရဲ့တစ်ယာက်နဲ့တစ်ယောက် မျက်လုံးချင်းအချက်ပြကာ တီတိုးစကားပြောမှုတို့ စတင်စေသည်။
"ဟဲ့ ငါတို့CEOလေး ဒီနေ့ဘာများပျော်စရာရှိလို့လဲ မသိဘူး"
"တခုခုတော့ ရှိမှာဘဲ"
"သူ့ဘာသာ ဘာကိစ္စဘဲရှိရှိကွယ် သူ့မျက်နှာပေါ်ကအပြုံးလေးမြင်ရတာနဲ့ကို ငါ့မနက်ခင်းကပြည့်စုံသွားပြီ"ဒါဟာလဲ မရိုးနိုင်လှသော ကုမ္ပဏီရဲ့မနက်ခင်းစကားဝိုင်းလေးတစ်ခုပင်။
...........................................................................အလုပ်ကဆင်းလာပြီးတဲ့နောက်မှာတော့ ရှောင်ကျန့်ရဲ့ခြေလှမ်းတို့သည် သူ့ရဲ့ချစ်သူရှိရာဆီသို့။ ဒီနေ့က ပထမဆုံးDateမဟုတ်လား။ ဒါမှမဟုတ် မနေ့ညကစတွက်ရမှာလေလား။
အကသင်တန်းထဲသို့၀င်လာသောရှောင်ကျန့်ခြေထောက်တို့သည် ရင်ခုန်မှုကြောင့် ယိုင်တိုင်တိုင်။ အရင်ကလဲ လာနေကျပေမဲ့ ပြောင်းလဲသွားသောတည်ရှိမှုကြောင့် ရင်ဖိုနေမိသည်။
ရိပေါ်ရဲ့အကခန်းလေးရဲ့တံခါး၀လေးဆီလျှောက်သွားမိသော အခန်းထဲမှ No Sense ဆိုသော ခပ်မြူးမြူးသီချင်းသံလေးကနားထဲ၀င်ရောက်လာရသည်။ ပုံမှန်ဆို ခပ်ဆူဆူသီချင်းတွေကို မုန်းပေမဲ့ ဒီသီချင်းကြားတော့ ဘာလို့မှန်းမသိ ပြုံးလိုက်မိသည်။
ESTÁS LEYENDO
MY LOVELY LIAR (Completed)
Fanficနယ်မြို့လေးတစ်မြို့ကိုလာလည်တဲ့သူဠေးသားလေး ရှောင်ကျန့် နဲ့ စိတ္တဇဝေဒနာရှင်အမေကြောင့် မိန်းကလေးလိုဟန်ဆောင်နေခဲ့ရတဲ့ကောင်ငယ်လေး ဝမ်ရိပေါ် ဆိုတဲ့ လူသားနှစ်ယောက်ကြားက ဆယ်စုနှစ်တစ်ခုစာဖြစ်တည်လာတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ရေးထားတာပါရှင်။ P.S Yizhan ပါန...