MY LOVELY LIAR_4

1.9K 173 2
                                    

Part-4

ရိပေါ်စကားကြားတော့ မေဖန်းကစားလက်စမုန့်လေးပင် အောက်ပြုတ်ကျသွားရသည်။
"ငါ မလုပ်နိုင်ဘူး ရိပေါ်"
"နင် မလုပ်လို့မရဘူး မေဖန်း နင်ဘဲငါအကူအညီတောင်းရင် ကူညီပါ့မယ်ဆို"
"မဟုတ်ဘူးလေ ရိပေါ် ဒီလိုအကူအညီမျိုးက"
မေဖန်းက စိတ်ရှုပ်‌ထွေးစွာဖြင့် ခေါင်းကိုသာတွင်တွင်ခါနေမိသည်။

"လုပ်ပါဟာ သူကချောပါတယ်"
"ရိပေါ်ရာ ငါကချောတာ မချောတာကိုပြောနေတာမဟုတ်ဘူးဟ လိမ်ရမယ့်အကြောင်းကိုပြောနေတာ ပြီးတော့ တခြားဟာလဲမဟုတ်ဘူး သူများရဲ့စိတ်ခံစားချက်ကိုလိမ်ရမှာ"
"လုပ်ပါဟာ ငါ့အတွက်အရမ်းအရေးကြီးလို့ပါ"
ရိပေါ်က မေဖန်းရဲ့လက်လေးကိုပါ သူ့လက်လေးတွေနဲ့စုကိုင်ပြီး မျက်နှာငယ်လေးနဲ့ တောင်းဆိုနေပြန်သည်။

"ရိပေါ်ရယ် ငါကမိန်းကလေးလေ"
"အေးလေ အဲ့တာကြောင့်နင့်ကိုအကူအညီတောင်းတာပေါ့"
"မဟုတ်ဘူး ငါပြောတာ တခါမှမမြင်ဖူးတဲ့ယောင်္ကျားလေးတစ်ယောက်နဲ့သူငယ်ချင်းအရင်းကြီးလို ဟန်ဆောင်ဖို့ဆိုတာက"
"လုပ်ပါဟာ အလွန်ဆုံးကြာ လပိုင်းပါ ငါအကုန်လုံးကို အမြန်ဖွင့်ပြောမှာပါ"

"မဖြစ်ဘူး ရိပေါ် ငါလုပ်နိုင်မှာမဟုတ်ဘူး"
"ကူညီပါဟာ ငါတောင်းပန်ပါတယ်"
"ငါကူညီချင်ပါတယ် ဒါပေမဲ့ ဒါကြီးကဟာ"
"ကူညီပါ မေဖန်းရယ် ငါ့မှာနင်ဘဲရှိလို့ပါ ပြီးတော့ ငါ့အတွက်လဲ အရေးကြီးတဲ့ကိစ္စမို့ပါ"
ရိပေါ်မျက်နှာက တကယ်အရေးကြီးနေတဲ့ပုံပေါက်နေတာနဲ့ လပိုင်းဆိုသောစကားတွေကြောင့် မေဖန်းမှာနောက်ဆုံးလက်ခံလိုက်ရတော့သည်။

ရိပေါ်မှာ သူ့အပြင်သူငယ်ချင်းနောက်တစ်ယောက်ရှိတာကို ဒီနေ့မှပထမဆုံးသိရတဲ့အတွက်တောင် သူစိတ်ဆိုးဖို့မေ့လျော့နေခဲ့ရသည်။ ရှောင်ကျန့်ဆိုတဲ့လူရေ မမြင်ဖူးပေမဲ့လဲ ကျွန်မက ရှင့်13ရဲ့နှစ်ကျော်ခင်ခဲ့ရတဲ့ သူငယ်ချင်းမလေးဖြစ်ရဦးမှာပေါ့။
...........................................................................

ရှောင်ကျန့်လေဆိပ်စီးလာတဲ့တစ်လျှောက်လုံး မေဖန်းရဲ့မျက်နှာလှလှလေးကို မျိုးစုံပုံဖော်ခဲ့မိသည်။ မင်းကတော့ကောင်းလိုက်တာမေဖန်းရာ ငါ့ကိုမြင်ဖူးပြီးသားဆိုတော့ ငါ့လောက်ရင်မခုန်ဘူးမလား ငါသိပါတယ်ကွာ။

MY LOVELY LIAR (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ