MY LOVELY LIAR_Final Part

4.3K 220 9
                                    

Final Part ❣️

ရက်ကလ၊ လမှနှစ်သို့ အချိန်တွေအလီလီပြောင်းခဲ့ကြပြီ။ ကျွန်တော့်ဘေးတွင်လှဲနေသောအမျိုးသားလေးလဲ ကျွန်တော့်ရဲ့ချစ်သူဖြစ်တာ နှစ်နှစ်နီးပါးရှိခဲ့လေပြီ။

ဟိုတွေး ဒီတွေးနဲ့ ဘေးနားမှာအိပ်မောကျနေရှာသူ ရိပေါ်ရဲ့နှာတံလေးကို တချက်ခပ်ဖွဖွနမ်းရှူံ့မိသည်။ ကောင်လေးကလဲ ချက်ချင်းမျက်တောင်လေးတွေပုတ်ခတ်ပစ်လိုက်တာမို့။

"အာ Sry နိုးသွားပြီလား"
"အင်ဟင်"

ကောင်လေးက အိပ်ချင်မပြေသေးဟန်ဖြင့် ခေါင်းလေးကိုလှုပ်ပြသည်။ ခပ်ပြေပြေလေးပြုံးလိုက်ရင်းမှ ရှောင်ကျန့်ရဲ့နားသယ်စလေးတွေကို လက်ညိုးလေးနဲ့ ခပ်ပွပွတို့တယ်။

"ထတော့လေ ‌ဟိုတောင်ကုန်းလေးဆီ‌စောစောသွားကြည့်ရအောင်"

တောင်ကုန်းဆိုတဲ့အသံကြားတော့ အမှတ်တရတွေကို သတိရသွားဟန်ဖြင့် ခပ်ယဲ့ယဲ့ပြုံးကာခေါင်းညိတ်ပြသည်။ ပြုံးနေသောကောင်လေးရဲ့ပါးလုံးလုံးလေးတွေကို တချက်နမ်းရှိုက်ပြီးတော့ ရှောင်ကျန့်ကရေချိုးခန်းထဲ ၀င်သွားလေပြီ။

နှစ်ယောက်သား မနက်စာစားသောက်ပြီးတော့ လက်ချင်းတွဲရင်းမှ ခြေလှမ်းတို့ကတောင်ကုန်းလေးဆီသို့။ နည်းနည်းချမ်းဆိမ့်ဆိမ့်ခံစားရတာမို့ ရိပေါ်ကသူဆုပ်ကိုင်ထားမိသော ရှောင်ကျန့်လက်တွေကို နွေးထွေးစေရန်လက်လေးနှစ်ဖက်နဲ့ပွတ်ပေးမိသည်။

နားရက်ယူရင်း အတိတ် ဒါမှမဟုတ် ရေစက်တို့ရဲ့အစကို ခြေရာလာကောက်မိခြင်းသာ။

"အရင်လောက် မအေးချမ်းတော့သလိုဘဲနော် ရိပေါ်"
"မအေးချမ်းတာမဟုတ်ဘူး ကလေးရဲ့ တိုးတက်လာတာပေါ့ အရင်နယ်မြို့လေးဟန်ပျောက်ပြီး မြို့ကြီးဖြစ်လာတာ"

"ငါတော့ အရင်ပုံစံလေးကို ပိုသဘောကျတယ် ငြိမ်ငြိမ်သက်သက်လေးလေ အဲ့တာကြောင့်မို့လဲ ကျောင်းပိတ်ရက်တိုင်း တကူးတကလာလည်ခဲ့တာ"

ဒီလိုပြောတော့ ရိပေါ်က အလိုမကျဟန်ဖြင့် မျက်ခုံးတစ်ချက်တွန့်သည်။

"ကိုယ်ရှ်ိလို့လာခဲ့တာ မဟုတ်ဘူးပေါ့"
"နှစ်ခုလုံးကြောင့်လေ"
"No အဲ့လိုရောမချနဲ့ တကယ်လို့ ဒီနေရာတွေက အရင်ကတည်းက မြို့ဆန်ဆန်ဖြစ်နေခဲ့ရင်ရော ကိုယ်ရှိရင် လာမှာဘဲမလား"

MY LOVELY LIAR (Completed)Wo Geschichten leben. Entdecke jetzt