MY LOVELY LIAR_1

11K 336 4
                                    

MY LOVELY LIAR

မင်းလို အညတရကောင်တစ်ယောက်က ဂုဏ်သိက္ခာဆိုတဲ့တန်ဖိုးကိုဘယ်တော့မှမသိနိုင်ပါဘူး ငါ့အတွက်ချစ်ခြင်းမေတ္တာဆိုတာမလိုဘူး ဂုဏ်သိက္ခာမထိခိုက်ဖို့ဘဲလိုတာ
(ရှောင်ကျန့်)

ကျနော်လိမ်ခဲ့တယ် အဲ့လိုလိမ်ခဲ့တယ်ဆိုတာလဲ မင်းကိုချစ်လို့ မင်းတင်မကဘူး မင်းအရမ်းသဘောကျနေတဲ့ မင်းရဲ့ဂုဏ်သိက္ခာဆိုတာကြီးကိုပါ ကာကွယ်ပေးချင်ခဲ့လို့
(၀မ်ရိပေါ်)

နင်ကြိုးဆွဲရာမှ ကဖို့ဘဲငါကြိုးစားခဲ့တာပါ ဒါပေမဲ့ ငါကလဲလူတစ်ယောက်မို့ နှလုံးသားရဲ့ဆန္ဒကိုမထိန်းချုပ်နိုင်ခဲ့ရုံပါ ငါ့ကိုဗီလိန်လို့ နင်သတ်မှတ်ချင်ရင်တောင် ဇာတ်လမ်းရေးခဲ့တာနင်ဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့
(ယွင်းမေဖန်း)

Part-1

တိတ်ဆိတ်အေးချမ်းလှတဲ့နယ်မြို့လေးတစ်မြို့ရဲ့တောင်ကုန်းသဏ္ဍန်‌ပြေပြေလေး မြင့်တက်နေသောလမ်းလေးပေါ်ကို ရိပေါ်တစ်ယောက်စက်ဘီးလေးကို အားတင်းပြီးနင်းတက်လာခဲ့တယ်။ နဖူးစလေးနားတွင်ချွေးလေးတွေဆို့နေပေမယ့် တိုက်ခတ်နေသောလေအေးအေးကြောင့် ပူတယ်လို့ပင်မခံစားရချေ။

*ကျွီ ဒုန်း ခွမ်း*
ဆူညံညံအသံများပေါ်ပြီးနောက်တွင်တော့ ရိပေါ်မျက်လုံးလေးကိုဖွင့်ပြီးကြည့်လိုက်မိ‌သည့်နေရာက တစစီကွဲရှနေသောအရက်ပုလင်းစီ။

"ဟာ သွားပါပြီ"
ရိပေါ်က အော်လိုက်ရင်းမှ အရက်ပုလင်းလေးဆီ ကမန်းကတန်းပြေးသွားရင်း ဖန်ကွဲစလေးတွေကုန်းကောက်နေမိတော့
"မကိုင်နဲ့လေ ညီမလေး လက်ရှကုန်မယ်"
ခုဏကကုန်းအောက်ဘက်သို့စက်ဘီးနှင့်ဆင်းရင် သူနဲ့တိုက်မိသောကောင်လေးက အော်ရင်း ကုန်းထကာ သူ့ဆီပြေးလာလေသည်။

"သွားပါပြီ ပါးတော့ ငါ့ကိုဆူတော့မှာဘဲ"
ငိုသံလေးရောရင်း ပြောနေသောက‌လေးမလေးကို ရှောင်ကျန့်က ဂရုဏာသက်စွာကြည့်နေမိသည်။
"မငိုပါနဲ့ညီမလေး‌ရယ် အကိုပြန်၀ယ်ပေးပါ့မယ် ဘယ်နားထိသွားသေးလဲ"
"ငါက မထိပါဘူး မင်းတကယ်ပြန်၀ယ်ပေးမှာလားဟင်"
"၀ယ်ပေးမှာပေါ့ကွာ"
ရှောင်ကျန့်က ပြန်ဖြေရင်း မျက်ရည်ဝေ့နေသောကလေးမလေးရဲ့တစ်ကိုယ်လုံးကိုခြုံကြည့်ရင်း ဒဏ်ရာလိုက်ရှာနေမိသည်။

MY LOVELY LIAR (Completed)Donde viven las historias. Descúbrelo ahora