*Unicode*
First Step~ပထမဆုံးသောခြေလှမ်း
လွှဲမှားခြင်းရဲ့အစက လှမ်းခဲ့မိတဲ့ပထမဆုံးသောခြေလှမ်းကတဲ့
အရာရာကိုပြန်ပြောင်းလဲဖို့တွေးမိတဲ့အခါ
အဖြေကငါတို့မတွေ့ဆုံခဲ့ရင်ရပြီဆိုပဲကံကြမ္မာကမှားယွင်းခြင်းတွေနဲ့ ငါတို့ကိုတွေ့စေခဲ့တယ်
အရာရာကပြင်ဆင်ချိန်တောင်မရခဲ့ဘဲ မှားယွင်းခဲ့ရတာပဲအင်းငါတို့ရဲ့တွေ့ဆုံခြင်းကိုကအမှားတစ်ခုဖြစ်ခဲ့တာကို
.... ❦ ....
Darkness Clubရှိရာဆီဦးတည်နေသော သူ့ခြေလှမ်းတွေက အရှေ့ကပိတ်ရပ်လိုက်သောလူတစ်စုကြောင့် ရပ်တန့်သွားရသည်။
အခြေအနေတစ်ရပ်ကိုသတိပြုမိလိုက်တဲ့အခါ အလိုအလျောက်လက်ထဲကလက်ဆွဲအိတ်အမည်းကို တင်းနေအောင်ဆုပ်ကိုင်လိုက်ပြီး နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်မိသည်။
"Na Jaemin...မင်းဒီလိုလုပ်လို့ရမယ်များထင်နေတာလား အဲ့အိတ်ကိုငါတို့လက်ထဲ အသာတကြည်ပေးပြီးလစ်တော့ မဟုတ်ရင်မင်းအဆုံးသတ်ကမလှတော့ဘူးနော်"
ရှောင်လွှဲလို့မရဘူးဆိုတာသိလိုက်တာနဲ့ ခပ်ထေ့ထေ့ပြုံးရင်း ရှေ့ကိုအေးဆေးလျှောက်သွားလိုက်ကာ ထိုလူစုနဲ့လက်လှမ်းမှီနိုင်သော မျက်နှာချင်းဆိုင်နေရာမှာရပ်တန့်လိုက်သည်။
သူတို့ကလေးယောက်...Jaeminကတစ်ယောက်
ဒီလူအရေအတွက်လောက်နဲ့ Na Jaeminကိုလာစမ်းတယ်ဆိုတော့ Na Jaeminဆိုတဲ့သူ့ကိုအရမ်းလျော့တွက်ရာရောက်မနေဘူးလား။ဒီလောကထဲတစ်ကိုယ်တည်းရှင်သန်နေတဲ့ Na Jaeminကရှင်သန်ဖို့အတွက်ဆို ဘယ်လိုအရာကိုမဆိုလုပ်ရဲသည်။
တစ်ကိုယ်တည်းရှင်သန်နေတာကြာပြီဆိုပေမယ့် ဒီလိုအန္တရာယ်များတဲ့လောကထဲ မယိမ်းမယိုင်ရှိနေတယ်ဆိုကတည်းက Na Jaeminရဲ့ဇကမသေးကြောင်းသိထားသင့်နေပြီလေ။
သူတို့အသုံးမကျလို့ Na Jaeminရဲ့ကွက်ကျော်ရိုက်တာခံလိုက်ရပြီး ဆုံးရှုံးသွားရတဲ့ပစ္စည်းကိုပြန်ရဖို့အတွက်နဲ့ လက်တစ်ဖက်မပြည့်တဲ့လူအရေအတွက်လောက်နဲ့ Na Jaeminကိုလာရင်ဆိုင်တယ်ဆိုပဲ။
YOU ARE READING
Light,Dark:Opposite || Completed
FanfictionUni & Zawgyi Cover Photo By @Minus_from_Minus20 《 Start Date : 24 June 2021 End Date : 1 Dec 2021 》