*Unicode*
Obligation~တာဝန်
တာဝန်ဆိုတာ
သူအသက်ရှင်နေရသောအကြောင်းပြချက်၊
ပြီးဆုံးအောင်လုပ်ကိုလုပ်ရမည့်အရာ....သူနဲ့တာဝန်ကြားမှာဝေဝါးစွာကာဆီးနေသည်က Lee Jenoရဲ့ပုံရိပ်။
အင်း ငါလည်းတာဝန်ကိုပြီးမြောက်စေချင်သား။
.... ❦ ....
"Bossနဲ့တွေ့ချင်တယ်ဆိုပြီး အရာရှိတွေရောက်နေပါတယ်"
Lee Jenoရဲ့ရုံးခန်းရှေ့မှာအသင့်စောင့်နေသော Secretaryကဧည့်သည်တွေအတွက်လုပ်ထားပေးသော မှန်အခန်းထဲကိုညွှန်ပြရင်းပြောလာသည်။
အခန်းထဲဝင်ဖို့ပြင်နေသောLee Jeno Donghyuckနဲ့ သူ့ခြေလှမ်းတွေက ထိုစကားကြောင့်တစ်ပြိုင်နက်တည်းရပ်တန့်သွားသည်။
"ဘာကိစ္စလို့ပြောလဲ"
"မေးမြန်းစရာရှိလို့ပါတဲ့Boss"
"ဟုတ်ပြီ..Donghyuck အစည်းအဝေးအတွက်သွားပြင်လိုက် Jaeminကကိုယ်နဲ့လိုက်ခဲ့"
ဧည့်တွေ့ခန်းထဲလှမ်းဝင်လိုက်ချိန် ဆိုဖာပေါ်မှာထိုင်နေသောလူသုံးယောက်က မတ်တပ်ထရပ်လာသည်။
ရဲဝတ်စုံကိုဝတ်ဆင်ထားသူနှစ်ယောက်နှင့် သာမန်ဝတ်စားထားသူတစ်ယောက်။
သူတို့အထဲဝင်လာကတည်းက သာမန်အဝတ်အစားနဲ့လူသည် Jaeminကိုသာစိုက်ကြည့်နေသည်ကြောင့် သူလည်းပြန်ကြည့်ကာ အကဲခတ်နေမိသည်။
"ကျွန်တော်ကဆိုလ်းရဲစခန်းကစခန်းမှူးပါ Mr.Leeကိုမေးမြန်းစရာလေးတွေရှိလို့...Mr.Leeကိုနှောင့်ယှက်မိသွားလားမသိဘူးနော်"
အလုပ်ချိန်ကြီးလာပြီးအနှောင့်အယှက်ဖြစ်စေမှန်း သိသိကြီးနဲ့ထိုလူကအပြုံးတစ်ပွင့်ဆိုလာသည်။
"ရပါတယ်ဗျ ထိုင်ပါ...အရာရှိကြီးကဘာများသိချင်လို့လဲ"
"ပြီးခဲ့တဲ့သုံးရက်လောက်ကဖြစ်သွားတဲ့ ဘူဆန်မြို့ဝန်ကြီးရဲ့အသတ်ခံရမှု"
ထိုစကားကြောင့်Lee Jenoမျက်ခုံးတစ်ချက်ပင့်လိုက်တာကို မျက်လုံးထောင့်ကနေသူမြင်လိုက်ရသည်။
![](https://img.wattpad.com/cover/276435138-288-k780667.jpg)
YOU ARE READING
Light,Dark:Opposite || Completed
FanfictionUni & Zawgyi Cover Photo By @Minus_from_Minus20 《 Start Date : 24 June 2021 End Date : 1 Dec 2021 》